အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသားတစ်ယောက်ပါ။

မြင့်မြတ်တို့ဇနီးမောင်နှံကတော့ ဝေဘာဂီဆေးရုံကြီးအတွက် PPE ဝတ်စုံ (၁၀၀၀) ကျော်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: KO Hein



သရုပ်ဆောင်မြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူအောင်တို့ ဇနီးမောင်နှံဟာ COVID-19 ကာလမှာ လိုအပ်တဲ့ အလှူတွေကို အဆက်မပြတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အခုလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို သိန်း(၁၆၂)သိန်းကျော် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

"COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် ကိုမြင့်မြတ် နှင့် ဇနီးမခင်သူအောင် သားမောင်မြတ်သူ မိသားစုတို့မှ ကျပ်သိန်း ( 16,240,000 ) တန်ဖိုးရှိ PPE ဝတ်စုံ ( 1040 ) ကို ဝေဘာဂီဆေးရုံသို့ လှူဒါန်းခဲ့ပါသည်" ဆိုပြီးတော့ ဧပြီလ ၉ ရက်နေ့ နေ့လယ် ၂ နာရီကျော်က မြင့်မြတ်ရဲ့ မန်နေဂျာဖြစ်သူ ကိုဟိန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတာ တွေ့ရပါတယ်။ 

Photo: KO Hein

မြင့်မြတ်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုတော် ယုန်လေး ဦးဆောင်တဲ့ အလှူမှာလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေကျပ်(၁၀)သိန်းကျပ် လှူဒါန်းထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာလည်း COVID-19 ကူးစက်ရောဂါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ ကြုံနေရတာဖြစ်ပါတယ်။ ဒါကြောင့် အနုပညာရှင်များစွာတို့ကလည်း တတ်နိုင်တဲ့ ဘက်ကနေ အလှူအတန်းတွေလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ 

Photo: KO Hein

သရုပ်ဆောင်မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။ COVID-19 ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က