မုန့်ဟင်းခါး နဲ့ ရေဗူးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ခန့်စည်သူဟာ ဝေဘာဂီဆေးရုံကြီးမှာ COVID-19 ကာကွယ်ရေးအတွက် ဆောင်ရွက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပါတယ်။ 

Photo: Khant Si Thu



အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသားချော ခန့်စည်သူကတော့ COVID-19 ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းပါဝင်နေတာ တွေ့ရပါတယ်။ အခုလည်း ဝေဘာဂီဆေးရုံကြီးမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းဦးရေ (၁၅၀) ကျော်အတွက် အစားအသောက်တွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ 

"28.4.2020 ဝေဘာဂီဆေးရုံမှ ဆရာဝန်ဆရာမ ၁၅၀ ကျော်နှင့် ဆေးကုသခံယူနေကြသောသူများအားလုံးအတွက် ရှယ်မုန့်ဟင်းခါးနှင့်ရေသန့်အလှူကတော့ ကိုကြီးခန့်စည်သူဖြစ်ပါတယ်ရှင့်။ဆရာဝန်ဆရာမများမှ ဝမ်းသာလျှက်ရှိကြောင်းပြောကြားပေးပါသည်။ ကိုကြီးတို့မိသားစုများအားလုံးကျန်းမာ ချမ်းသာကြပါစေ" ဆိုပြီးတော့ မိုးပြည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ ဧပြီလ ၂၂ ရက်နေ့က ခန့်စည်သူအကောင့်ကို Tag တွဲရင်း ပြောပြထားတာ ဖြစ်ပါတယ်။ 

COVID-19 ကာလအတွင်းမှာ ဆင်းရဲနွမ်းပါး အနုပညာလောကသားတွေအတွက်ကိုလည်း ခန့်စည်သူဟာ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် အမေများအဖွဲ့ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ လုပ်ခဲ့ပါသေးတယ်။ ဟယ်လ်ပင်ကလေးဆေးရုံမှာလည်း ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့ပြီး သတင်းနှင့် စာနယ်ဇင်းမှ ညီအစ်ကိုမောင်နှမတွေအတွကိုလည်း ဆန်အိတ်တွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

ခန့်စည်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  

ခန့်စည်သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ် ၂ စုကျော်ကို ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးခဲ့သူဆိုလည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က