သင်္ကြန်အမှတ်တရလေးတွေ ပြောလာပါတယ်။

အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတိ့ု ညီအစ်မနှစ်ယောက်ရဲ့ သင်္ကြန်အမှတ်တရတွေကတော့ တကယ်ကို ကြည်နူးစရာပါ။ သူတို့ နှစ်ယောက်ရဲ့ မမကြီး နှင်းဝတ်ရည်သောင်းကိုလည်း သတိရနေပါတယ်တဲ့။

Photo: ဆွိဝတ်ရည်သောင်း



သရုပ်ဆောင် အေးဝတ်ရည်သောင်းက သင်္ကြန်မတိုင်ခင် မြန်မာနှစ်ဦးအလှူလေးကို နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအလှူအတွက် သူမရဲ့ ပီတိစကားသံနဲ့ သင်္ကြန် အမှတ်တရကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ပီတိကတော့ အလှူ လှူတယ်ဆိုတာ ပီတိက ဖြစ်တာချည်းပါပဲ။ တစ်ကျပ်ပဲလှူလှူ၊ တစ်ရာပဲလှူလှူ ပီတိဖြစ်တာချင်းကတော့ အတူတူပဲလေ နော်။ သင်္ကြန်အမှတ်တရကတော့ ကျွန်မ မလည်ခဲ့ဖူးတော့လေ အမှတ်တရတော့ သိပ်မရှိဘူး။ အမြဲတမ်း နှစ်တိုင်း အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့ဖူးတာတော့ အတွေ့အကြုံတွေ၊ အမှတ်တရဖြစ်မယ့် ကိစ္စတွေ မရှိခဲ့ဘူးရှင့်။ ငယ်ငယ်တုန်းကတော့ ဆော့တာပေါ့၊ ရေပူဖောင်းတွေနဲ့ ပေါက်ကြတယ်လေ’’ လို့ သူကဆိုပါတယ်။

Photo: ဆွိဝတ်ရည်သောင်း

ဒီနှစ်အလှူမှာတော့ အစ်မကြီး နှင်းဝတ်ရည်သောင်းကိုလည်း ရှိစေချင်တယ်လို့ အေးဝတ်ရည်သောင်းက ရင်ဖွင့်ပြောပြလာပါသေးတယ်။

 ‘’လွမ်းတာပေါ့၊ မောင်နှမရှိတဲ့သူတိုင်း စဉ်းစားကြည့်လေ မနှစ်က သူရှိတယ်။ ဒီနှစ်သူမရှိဘူးဆိုတော့ လွမ်းတယ်၊ သတိရတယ်၊ ရှိစေချင်တယ်’’ ဆိုပြီးတော့ ဧပြီလ ၁၀ ရက်နေ့က သူမရဲ့ စတုဒီသာ အလှူလေးမှာဖြေဆိုခဲ့တာပါ။ ဒီအလှူလေးမှာတော့ မုန့်လုံးရေပေါ်နဲ့ မုန့်လက်ဆောင်း စတုဒီသာကျွေးခဲ့ပါတယ်။

Photo: ဆွိဝတ်ရည်သောင်း

အဲဒီနောက် ညီမငယ် ဆွိဝတ်ရည်သောင်းကလည်း အလှူအတွက် ပီတိစကားကို ဆက်လက်ပြောပြထားပါတယ်။ သူမအတွက် သင်္ကြန်အမှတ်တရလေးကလည်း ကြည်နူးဖို့ကောင်းလှပါတယ်။

‘’ဆွိလည်းပျော်ပါတယ်။ မိသားစုအလှူလေး နှစ်တိုင်းလည်း လုပ်နေကြဆိုတော့ ပြီးတော့ အကုန်လုံးလည်း လာပေးကြတဲ့အတွက် အရမ်းပျော်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် သင်္ကြန်မှာ အုန်းလက်မဏ္ဍာပ်မှာ ရေခဲတုံးနဲ့စိမ်ပြီး့ပက်တယ်’’ လို့ သူကဆိုပါတယ်။

Photo: ဆွိဝတ်ရည်သောင်း

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်း တို့ ညီအစ်မ သုံးယောက်ကိုတော့ မသိတဲ့ပရိသတ်မရှိသလောက်ပါပဲ။ သူမတို့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကလည်း အများကြီးပါ။ လက်ရှိမှာတော့ နှင်းဝတ်ရည်သောင်းဟာ အင်္ဂလန်မှာ နေထိုင်တာဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကတော့ သရုပ်ဆောင်အလုပ်ကို ဆက်တိုက်ဆောင်ရွက်နေရသူပါ။ ဆွိဝတ်ရည်သောင်းကတော့ အစ်မတွေနဲ့ မတူတဲ့ ဂီတလမ်းကြောင်းပေါ်မှာ ကြိုးစားနေဆဲ အဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က