Review မလုပ်ပြီး မချင်း Apps တွေ ဖြန့်ချိလို့ ရမှာ မဟုတ်ပါဘူး

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent တော့ တိုင်ပတ်နေပြီလို့ ဆိုရမှာပါ။

Tencent အနေနဲ့ တရုတ်အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ Apps တွေ Update တင်ရမှာ ဖြစ်တယ်လို့ နိုင်ငံပိုင် CCTV ရုပ်သံဌာနကနေ ကြေညာသွားပါတယ်။ အခုလို အမိန့်ထွက်လာတာဟာ Tencent ထုတ် Apps အတော်များများဟာ အချက်အလက်ကာကွယ်ရေးဥပဒေတွေ ချိုးဖောက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ တန်ဖိုးအကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent အတွက် ဒီအမိန့်ဟာ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ 



Photo: Jakata Post

လတ်တလောမှာတော့ Tencent က ထွက်ခဲ့တဲ့ အရင် Apps တွေအတွက် Update တင်တာအပြင် နောက်ထပ် apps သစ်တွေ ထုတ်ဖို့တွေအတွက်ပါ ခွင့်ပြုချက် ဆိုင်းငံ့ထားခံရပါတယ်။ တရုတ် စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဟာ Tencent က ထုတ်မယ့် Apps သစ်တွေနဲ့ Updates တွေကို ဈေးကွက်ထဲ Launch မလုပ်ခင် စိစစ်သုံးသပ် Review လုပ်သွားမှာ ဖြစ်ပါတယ်။ 


CCTV သတင်းအရ ဒီလို Review လုပ်တာဟာ ၇ ရက် ကြာမယ်လို့လည်း ဆိုပါတယ်။ Tencent ပိုင် Apps ဒါဇင်ပေါင်းများစွာထဲမှာ လူပေါင်း ၁.၂ ဘီလျံခန့် အသုံးပြုနေတဲ့ WeChat app လည်း ပါဝင်နေပါတယ်။ 

"ကျွန်တော်တို့ Apps တွေထဲက သုံးစွဲသူကာကွယ်ရေး features တွေ ပိုမိုကောင်းမွန်လာအောင် ဆက်တိုက် ကြိုးပမ်းနေပါတယ်။ သက်ဆိုင်ရာ အစိုးရအေဂျင်စီတွေနဲ့ ပုံမှန်ပူးပေါင်းမှုလုပ်ပြီး စည်းကမ်းနဲ့အညီ ဖြစ်ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ Apps တွေ အသုံးပြုလို့ ရနေဆဲပါပဲ။ ဒေါင်းလုပ်လည်း ဆွဲလို့ ရဦးမှာ ဖြစ်ပါတယ်" လို့ Tencent ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


Photo: CNBC


တရုတ်နိုင်ငံဟာ ဒီနှစ်ထဲမှာ နည်းပညာကုမ္ပဏီကြီးတွေ ဈေးကွက်လက်ဝါးကြီးအုပ်မှုကို ဟန့်တားဖို့ ဥပဒေတွေ တင်သွင်းခဲ့သလို သုံးစွဲသူကိုယ်ရေးအချက်အလက်ကာကွယ်ရေး ဥပဒေတွေလည်း အတည်ပြုခဲ့ပါတယ်။ နည်းပညာကုမ္ပဏီတွေရဲ့ အချက်အလက် ရယူသုံးစွဲမှုအပေါ်လည်း အာဏာပိုင်တွေက အလေးအနက်အာရုံစိုက်လာကြပါတယ်။ Tencent ကုမ္ပဏီကိုလည်း ဒီဥပဒေနဲ့ပဲ ကိုင်တွယ်လာတာ ဖြစ်ပါတယ်။ 


တရုတ်ဂိမ်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Tencent ဟာ တရုတ်အစိုးရရဲ့ ၁၈ နှစ်အောက် ကလေးငယ်များ ဂိမ်းကစားမှု ကန့်သတ်ရေးဥပ‌ဒေကြောင့်လည်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အသက်မပြည့်သေးတဲ့ကလေးများ တစ်ပတ်ကို ဗွီဒီယိုဂိမ်း ၃ နာရီထက်ပိုမဆော့ဖို့ ကြပ်မတ်တဲ့ဥပဒေ ထွက်လာခဲ့ပါတယ်။ Tencent ရဲ့ တတိယသုံးလပတ်ဝင်ငွေဟာ ယွမ် ၁၄၂.၄ ဘီလံရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၃% အတက်ပြပေမယ့် ဒါဟာ ၂၀၀၄ နောက်ပိုင်း တိုးတက်မှုအနှေးဆုံးသုံးလပတ်ဖြစ်ခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က