Sina.com က သတင်းဆောင်းပါးများလည်း ပါဝင်ပါတယ်။

တရုတ်အမျိုးသားစာကြည့်တိုက်ဟာ Weibo ပို့စ်ပေါင်း သန်း၂ သိန်း (ဘီလျံ ၂၀၀) ကို နိုင်ငံတော်ရဲ့ ဒစ်ဂျစ်တယ်အမွေအနှစ်အဖြစ် ထိန်းသိမ်းသွားမယ်လို့ဆိုပါတယ်။

         အစိုးရဝန်ဆောင်မှုတွေအတွက် Weibo ရဲ့ တရားဝင် အကောင့်ကနေ ထုတ်ပြန်ချက်ကို ကိုးကားပြီး South China Morning Post မှာ ဖော်ပြလိုက်တာပါ။ ဒီဖော်ပြချက်အရ Weibo ပေါ်က ပို့စ် ဘီလျံ ၂၀၀ အပြင် Sina.com မှာ တင်ခဲ့တဲ့ သတင်း stories ပေါင်း သန်း ၂၁၀ ကျော်ကိုလည်း တရုတ်အမျိုးသား စာကြည့်တိုက်မှာ ထိန်းသိမ်းသွားမယ်လို့ဆိုပါတယ်။ Sina.com နဲ့Weibo လူမှုကွန်ရက်တို့ဟာ Sina Corp က ပိုင်ဆိုင်တဲ့ ပလက်ဖောင်းတွေလည်း ဖြစ်ပါတယ်။

         အမွေအနှစ်အဖြစ် ထိန်းသိမ်းရတဲ့ ရည်ရွယ်ချက်အရ နိုင်ငံရဲ့ ရေရှည် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ဒစ်ဂျစ်တယ်စနစ်ထွန်းကားခြင်းအတွက် လူ့ယဉ်ကျေးမှုဆင့်ကဲ ဖြစ်ပေါ်လာမှုကို မှတ်တမ်းမှတ်ရာအနေနဲ့ထားဖို့ဖြစ်တယ်လို့လည်း အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူး Rao Quan မှာ ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

         တရုတ်ပြည်ရဲ့ Twitter လို့လည်း တင်စားပြောကြတဲ့ Weibo ဟာ microblogging ပလက်ဖောင်းဖြစ်ပြီး ပုံမှန်လစဉ် သုံးစွဲသူ ၄၆၄ သန်း ရှိထားတယ်လို့ဆိုပါတယ်။ Weibo ဟာ တရုတ်မှာပဲ လူသုံးများတဲ့ social app ဖြစ်ပြီး သုံးစွဲသူရဲ့ ၉၁% ခန့်ဟာ မိုဘိုင်းလ်ဖုန်းကနေ အသုံးပြုကြတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး eCommerce ပလက်ဖောင်းကြီး ဖြစ်တဲ့ Alibaba ဟာ Sina Weibo ရဲ့ ရှယ်ယာ ၃၂ % ပိုင်ဆိုင်ထားပါတယ်။

Photo: The Independent

                  တရုတ်အမျိုးသား စာကြည့်တိုက်နဲ့Sina တို့ဟာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး မူဝါဒရေးဆွဲရေးနဲ့ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များမှာ အသုံးချသွားမယ်လို့ဆိုပါတယ်။ Sina Corp အနေနဲ့Weibo နဲ့Sina.com တို့ရဲ့ အချက်အလက်များကို ကုမ္ပဏီရဲ့ ဆာဗာတွေမှာ သိမ်းဆည်းထားတယ်လို့လည်း သိရပါတယ်။ Web Archive လုပ်တဲ့ ပရောဂျက်တွေဟာ နိုင်ငံတော်တော်များများမှာ လုပ်ဆောင်နေကြတဲ့ ပရောဂျက်များထဲမှာ ပါရှိပေမယ့် လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေကို ထိန်းသိမ်းခြင်းကတော့ Data ပမာဏအရရော အင်တာနက်ပလက်ဖောင်း privacy မူအရပါ စိန်ခေါ်မှု ရှိပါတယ်။

         ဒစ်ဂျစ်တယ်အမွေအနှစ်ထိန်းသိမ်းရေး စီမံကိန်းအတွက် Sina Corp နဲ့အရင်ဆုံး ပူးပေါင်းဖြစ်ပုံကတော့ အချက်အလက် မှတ်တမ်း စုံလင်ခြင်းနဲ့လူမှုဘဝဖြစ်ရပ်နဲ့အများပြည်သူ အပြန်အလှန် ကူးလူးမှု မြင့်မားခြင်းကြောင့်လို့ဆိုပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ဖို့တစ်ခြား တရုတ်အင်တာနက် ကုမ္ပဏီများကိုလည်း ဖိတ်ကြားထားပါတယ်။

Share

Loading Next Article...
က္က