ဝေဘာဂီဆေးရုံ ကြီးမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နီတာကတော့ Qurantine ကာလပြီးသွားတဲ့ အချိန်မှာ ပထမဆုံးအနေနဲ့ ဝေဘာဂီဆေးရုံကြီးမှာ သွေး လှူခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Ni Tar



အဆိုတော် နီတာကတော့ ဒီနေ့ မေလ (၂၈) ရက်က ဝေဘာဂီဆေးရုံကြီးမှာရှိတဲ့ သွေးရည်ကြည်ကုထုံး အတွက် သွေးလှူခဲ့တယ်လို့ သိရပါတယ်။ သူ Qurantine ဝင်ချိန်မှာ ပြုစုပေးခဲ့ကြတဲ့ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဂုဏ်ပြုသီချင်း ဆိုပေးခဲ့တယ်လို့ Duwun ကို ပြောလာပါတယ်။ 

“ ဆေးရုံကို လာဖြစ်တဲ့အကြောင်းက ကျွန်တော် Qurantine လည်း ပြည့်သွားပြီဆိုတော့ ဆေးစစ်တာလည်း ပြန်လုပ်ရမယ်။ ပြီးတော့ သွေးရည်ကြည်ကုထုံးအတွက် သွေးလှူဖို့လည်း ရှိသေးတော့ ဆေးရုံကို သွေးလှူဖို့အတွက်လာတာပါ။ ပြီးတော့ ဆေးရုံမှာရှိတဲ့ ဆရာ၊ ဆရာမတွေအတွက် အစ်ကို ဂုဏ်ပြုသီချင်း(၄) ပုဒ်ဆိုပေးခဲ့တယ်။ ဆရာ ၊ ဆရာမတွေရဲ့ ပြုစုမှုကြောင့် အများကြီး နေကောင်းလာတာဖြစ်တဲ့အတွက် အစ်ကို့ အနေနဲ့ ကျေးဇူးတင်လွန်းလို့ အခုလို ဆိုပေးဖြစ်တာပါ။ ဝမ်းလည်း ဝမ်းသာတယ်။ ပျော်လည်း ပျော်တယ်” လို့ ဆိုပါတယ်။ 

Photo: Ni Tar

နီတာဟာ အခုဆိုရင်တော့ ဂီတအလုပ်တွေ ပြန်လည် လုပ်ကိုင်သွားတော့မယ်လို့ ဆိုပါတယ်။ လုပ်လက်စ သီချင်းလေးတွေလည်းရှိသေးတယ်လို့ သူကပြောပါတယ်။ 

“ လတ်တလောက Qurantine လည်း ပြည့်ပြီဆိုတော့ အစ်ကို ဒီနေ့ကစပြီး အပြင်တွေ သွားလို့ရပြီပေါ့နော်။ အခု သွေး လှူထားတာ ဖြစ်တဲ့အတွက်လည်း အနားယူဖို့လိုတယ်။ မနက်ဖြန် ကျရင်တော့ အစ်ကို လုပ်နေတဲ့ သီချင်းလက်ကျန်လေးတွေကို ဟာမိုနီ စတူဒီယိုမှာ အသံသွားသွင်းဖို့ရှိပါတယ်။ အဲဒီမှာပဲ တစ်နေကုန် နေဖြစ်ဖို့ များပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ni Tar

အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ စောင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး Positive အဖြေထွက်လာချိန်မှာတော့ ဝေဘာဂီဆေးရုံကြီးကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ကနေ မေလ ၂၁ ရက်နေ့အထိ ဖောင်ကြီးမှာ Facility Quarantine ၂ပတ်တိတိ ဝင်ခဲ့ရတာဖြစ်ပါတယ်။ မေလ (၂၈) ရက် နေ့ကစပြီး အိမ်ကို ပြန်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ သမီးလေးတွေနဲ့ ဇနီးကိုလည်း အရမ်းသတိရနေပြီလို့ ဆိုပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က