“ဆေးရုံမှာကလည်း သွေးရည်ကြည်ကုထုံးတွေနဲ့ ကုသဖို့ စစမ်းနေပြီဆိုတော့ အကိုလည်း အကို့ရဲ့ သွေးကို လှူချင်နေတာ။ အကိုက Positive ကနေ Negative နှစ်ကြိမ်ထွက်ပြီး ပြန်ကောင်းလာတဲ့လူနာဖြစ်တာကြောင့် အကိုရဲ့သွေးနဲ့ ပြန်ကုပြီးတော့ သူများတွေ ကောင်းမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အဲ့ဒါကြောင့်လှူဖို့ ဆုံးဖြတ်ထားတယ်” လို့ နီတာက ပြောပါတယ်။
Photo : နီတာ
Covid -19 Positive ကနေ Negative နှစ်ကြိမ်ပြကာ ဆေးရုံက ဆင်းခွင့်ရခဲ့တဲ့ အဆိုတော် နီတာဟာ သူ့ရဲ့ သွေးကို သွေးရည်ကြည် ကုထုံးမှာ အသုံးပြုဖို့အတွက် ပြန်လှူဒါန်းသွားမယ်လို့ ဆိုလိုပါတယ်။ အခလို ပြန်လည်လှူဒါန်းခွင့်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာမိတယ်လို့ သူက Duwun ကိုပြောပါတယ်။
“ဆေးရုံမှာကလည်း သွေးရည်ကြည်ကုထုံးတွေနဲ့ ကုသဖို့ စစမ်းနေပြီဆိုတော့ အကိုလည်း အကို့ရဲ့ သွေးကို လှူချင်နေတာ။ အကိုက Positive ကနေ Negative နှစ်ကြိမ်ထွက်ပြီး ပြန်ကောင်းလာတဲ့လူနာဖြစ်တာကြောင့် အကိုရဲ့သွေးနဲ့ ပြန်ကုပြီးတော့ သူများတွေ ကောင်းမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အဲ့ဒါကြောင့်လှူဖို့ ဆုံးဖြတ်ထားတယ်” လို့ နီတာက ပြောပါတယ်။
Photo : နီတာ
Facility Quarantine (၂)ပတ်ခန့်ဝင်ပြီးနောက်မှာ ဝေဘာဂီဆေးရုံသို့ ပြန်လာပြီး သွေးလှူသွားမှာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပြခဲ့ပါသေးတယ်။
“အကို (၂)ပတ် Quarantine ဝင်ပြီးသွားရင် ဝေဘာဂီဆေးရုံကို ပြန်လာရမယ် သွေးနောက်တစ်ကြိမ်ထပ်စစ်ပြီး အားလုံး Clear ဖြစ်သွားတာနဲ့ သွေးလှူမှာပေ့ါ။ အကိုက အရင်ကလည်းသွေးလှူနေကျ ဖြစ်တဲ့အတွက်အခုလို မျိုး အချိန်မှာ ထပ်ပြီးကိုယ့်ရဲ့သွေးကို လှူခွင့်ရတော့ အရမ်းဝမ်းသာတယ်” လို့ သူက ဆိုပါတယ်။
အဆိုတော် နီတာဟာ ဒီနေ့ (မေလ၉ရက်)မှာ ဆေးရုံက ဆင်းခွင့်ရပြီး ဖောင်ကြီးဆေးရုံမှာ Facility Quarantine ၂ပတ်တိတိ ထပ်ဝင်ရဦးမှာ ဖြစ်ပါတယ်။ အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့ မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ စောင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး Positive အဖြေထွက်လာချိန်မှာတော့ ဝေဘာဂီဆေးရုံကြီးကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။အခုတော့ Covid -19 ရောဂါကြီးကို အနိုင်တိုက်ထုတ်နိုင်ခဲ့ပြီး ဆေးရုံက ဆင်းခွင့်ရပြီဖြစ်ပါတယ်။