နောက်ပြောင်ပြောဆိုသွားခဲ့တာပါ။

ရွန်နီကတော့ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး ဟယ်ရီကိန်းက လိုက်မီဖို့ အားထုတ်နေခဲ့တာဖြစ်ပါတယ်။ 


ဆန်မာရီနိုကို ၁၀ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ၄ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဟယ်ရီကိန်းကို လူစားမလဲခဲ့ရင် ရွန်နီမိသားစုဆီက ဖုန်းဆက်လာမှာကို ရင်ဆိုင်ရလိမ့်မှာဖြစ်ကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်က နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ ရွန်နီကတော့ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး ဟယ်ရီကိန်းက လိုက်မီဖို့ အားထုတ်နေခဲ့တာဖြစ်ပါတယ်။ 



ဒါကြောင့် အသင်းငယ်လေးဆန်မာရီနိုနဲ့ပွဲမှာ သူ့ကိုဝင်ကစားခွင့်ပေးဖို့ ကိန်းက​ တောင်းဆိုခဲ့ပြီး ရွန်နီနဲ့ ဂိုးကွာဟချက်မြင့်မားနေမှုကို လျှော့ချနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ အဆိုပါပွဲမတိုင်ခင်မှာ ရွန်နီက ၅၃ ဂိုး၊ ကိန်းက ၄၄ ဂိုးနဲ့ ၉ ဂိုးအထိ ကွာဟနေခဲ့တာပါ။ ဆန်မာရီနိုနဲ့ပွဲကို ကိန်း ပါဝင်ကစားခွင့်ရခဲ့ပြီး ၁၅ မိနစ်အတွင်းမှာ ၄ ဂိုးအထိ သွင်းယူပေးခဲ့တဲ့နောက် ရွန်နီနဲ့ ၅ ဂိုးသာ ကွာဟတော့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၂ မိနစ်မှာ သူ့ကို ဆောက်ဂိတ်က လူစားလဲလှယ်ခဲ့ပြီး အနားပေးခဲ့ပါတယ်။ ဒီလူစားလဲလှယ်မှုနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ဆောက်ဂိတ်က နောက်ပြောင်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ "သူ့ကို နောက်ထပ်နာရီဝက်လောက် ကွင်းထဲမှာ လွှတ်ပေးထားရင် ကျွန်တော်နဲ့ ဝိန်းရွန်နီမိသားစု ဖုန်းတွေပြောနေရလိမ့်မယ်" လို့ အင်္ဂလန်နည်းပြက ကျီစယ်ခဲ့ကြောင်း ITV က ဖော်ပြခဲ့ပါတယ်။ 

လက်ရှိမှာတော့ ကိန်းဟာ အင်္ဂလန်အတွက် ၄၈ ဂိုးအထိရရှိကာ အဆင့် ၃ နေရာကို တက်လှမ်းခဲ့ပြီဖြစ်ပါတယ်။ ၁၉၅၇ နောက်ပိုင်း အင်္ဂလန်အတွက် နှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား၊ ၁၉၉၃ ကစပြီး တစ်ပွဲတည်းမှာ ၄ ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမား၊ ၂၀၂၁ ခုနှစ်အတွင်း ၁၆ ဂိုးအထိရရှိကာ ပြက္ခဒိန်တနှစ်အတွင်း ဂိုးအများဆုံးရယူနိုင်တဲ့ အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က