မဲဆွယ်စည်းရုံးတဲ့အခါမှာ မျှတမှုမရှိဘူးလို့ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ အာဏာရပါတီအနေနဲ့အားသာချက်တွေရှိနေတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာ စိုးရိမ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကပြောပါတယ်။ 

မဲဆွယ်စည်းရုံးတဲ့အခါမှာ လက်ရှိအာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီးလုပ်ဆောင်မှုတွေရှိနေတယ်လို့လည်းပြည်ခိုင်ဖြိုးပါတီဥက္ကဌက ဝေဖန်မှုလည်းလုပ်ခဲ့ပါသေးတယ်။ 

“ကျွန်တော်တို့စိုးရိမ်တာက မျှတဲ့ ရွေးကောက်ပွဲမဖြစ်မှာတစ်ခုပဲ။ သူတို့လုပ်သလို ကျွန်တော်တို့လိုက်ရင်ကော အရေးယူမှုတွေမလုပ်ဘူးလား။ဘာလို့ဆို ပြီးခဲ့တဲ့ကာလတုန်းက ပြိုင်ဘက်ပါတီကို တရားစွဲခံရတာနှစ်ခုရှိတယ်။ အခုလိုကိုဗစ်စည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး။ ဒါနဲ့ ပတ်သက်လို့ အဲဒီတရားစွဲဆိုတဲ့ဟာကို လက်ခံအရေးမယူပါနဲ့ဆိုပြီး စာတွေလည်းတွေ့တယ်။ ဟုတ်လား မဟုတ်လားဆိုတာမသိဘူး။ ဘယ်သူမှလည်း ဒါနဲ့ ပတ်သက်လို့ ဟုတ်ခြင်း၊ မဟုတ်ခြင်းဆိုတာ မရှင်းဘူး။ ဒါဆိုရင်တော့ မျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုပြီး” ဦးသန်းဌေးက ပြောခဲ့တာဖြစ်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲက ကိုဗစ်ကာလနဲ့လည်း တိုက်ဆိုင်နေတဲ့အတွက် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ အခက်ခဲတွေရှိနေကြပါတယ်။ အင်အားကြီးပါတီတွေနဲ့ယှဉ်ပြိုင်နေရတဲ့ ပါတီငယ်တွေအတွက်ကတော့ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေကြရတဲ့ ကာလတစ်ခုလည်းဖြစ်နေတယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ NLD ပါတီအနေနဲ့မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်ရာမှာ ကိုဗစ်စည်းမျဉ်းနဲ့အညီလုပ်ဆောင်ပေမယ့် ပြည်သူတွေဝန်းရံပါဝင်ကြောင့် လူဦးရေများပြားမှုအပေါ်ကိုတော့ ထိန်းချုပ်ရခက်ခဲတယ်လို့လည်း NLD ပါတီပြောရေးဆိုခွင့်ရသူ မုံရွာအောင်ရှင်ကပြောပါတယ်။

Share

Loading Next Article...
က္က