ဆိုက်ဘာကြားဖြတ်မှုတွေ ဖြစ်လာနိုင်မလား

ဆီယက်တဲလ်ဟာ ဖုန်းနဲ့ မဲပေးနိုင်မယ့် စနစ်ကို အမေရိကန်မှာ ပထမဆုံးအကြိမ် ကျင့်သုံးတဲ့ ခရိုင်ဒေသဖြစ်လာတော့မှာပါ။

Mobile Voting စနစ်နဲ့ မဲပေးနိုင်မယ့် စနစ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကျင်းပမယ့် King County ခရိုင်ရွေးကောက်ပွဲမှာ စတင်ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ Engadget သတင်းက ဆိုပါတယ်။ ပထမဆုံးအကြိမ်အဖြစ် စတင် ကျင့်သုံးသွားမယ့် ဖုန်းနဲ့ မဲပေးနိုင်မယ့်စနစ်ကို ဒီဒေသမှာ ရှိတဲ့ မဲပေးခွင့်ရှိသူ လူပေါင်း ၁.၂သန်းခန့်ကနေ အသုံးပြုနိုင်မှာပါ။



Photo: Seattle Times

နည်းပညာကို ဆီယက်တဲလ်အခြေစိုက် Cloud နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Amazon ရဲ့ Amazon Web Services ကနေ ပံ့ပိုးသွားမှာ ဖြစ်ပြီး လျှပ်စစ်မဲပြားတွေကိုတော့ ဆီယက်တဲလ်က မိုဘိုင်းမဲပေးနည်းပညာကုမ္ပဏီ Democracy Live က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ King County ခရိုင်မဲဆန္ဒရှင်တွေဟာ ဇန်နဝါရီ ၂၂ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဖုန်းကနေတစ်ဆင့် မဲပေးနိုင်မှာပါ။

မဲပေးမယ့်သူဟာ စမတ်ဖုန်းသုံးပြီး Democracy Live ဝက်ဘ်ပေါ်တယ်မှာ ကိုယ့်နာမည်နဲ့ မွေးနေ့ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့ မဲကိုတော့ Democracy Live ရဲ့ OmniBallot နဲ့ ပေးရမှာ ဖြစ်ပြီး အတည်ပြုဖို့အတွက် touchscreen ပေါ်မှာ ကိုယ့်လက်မှတ်ကို ထည့်ရမှာပါ။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီမဲပြားတွေကို တိုက်စစ်နိုင်ဖို့နဲ့ မှတ်တမ်းအဖြစ် ထားဖို့အတွက် hard copy အဖြစ်လည်း မိတ္တူဆွဲဖို့ စီစဉ်ထားပါတယ်။


Photo: Geek Wire

" ဒီနည်းလမ်းဟာ မဲဆန္ဒရှင်တွေဘက်ကလည်း မဲပေးဖို့ ပိုလွယ်စေသလို သူတို့ပေးတဲ့ မဲတွေကို ရေတွက်ဖို့လည်း ပိုအဆင်ပြေစေပါတယ်။ " လို့ King County ရွေးကောက်ပွဲညွှန်ကြားရေးမှူး ဂျူလီဝိုက်စ်က ဆိုပါတယ်။ "ကျွန်မရဲ့ အခန်းကဏ္ဍကလည်း မဲပေးမှုမှာ ကြုံရတဲ့ အဟန့်အတားတွေ ဖယ်ရှားဖို့ပါ"

အွန်လိုင်းကနေ မဲပေးတဲ့ စနစ်ဟာ ဆိုက်ဘာကြားဖြတ်နှောင့်ယှက်မှုတွေ ဖြစ်စေမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားတွေဟာ မဲပေးသူတွေရဲ့ အချက်အလက် သိမ်းထားရာ database တွေထဲ ဝင်ရောက်ခဲ့တဲ့ မှတ်တမ်းလည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က