နိုင်ငံကျော်အဆိုတော် နှစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ တင်ဇာမော်တို့ရဲ့ Makeup Room Concert ဖျော်ဖြေပွဲကိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဂယက်တွေကြောင့် ရက်ရွှေ့လိုက်ပြီလို့ သိရပါတယ်။
Photo : 7Sense
အဆိုတော် ထွန်းအိန္ဒြာဗိုလ်နဲ့ တင်ဇာမော် တို့ရဲ့ Makeup Room Concert ကို ရက်ရွှေ့လိုက်ပြီဖြစ်ပါတယ်။ အခုလို ရက်ရွှေ့ရတဲ့ အကြောင်းအရင်းကို V7 Entertainment မှ တာဝန်ရှိသူ ကိုဝေမင်းမောင်ကို Duwun ကယခုလို ပြောပါတယ်။
" မခိုင်ကြီးနဲ့ မမော်တို့ရဲ့ ရှိုးပွဲကို ရက်ရွေ့လိုက်ပါတယ်။ ဒါကိုလည်း ရွေးကောက်ပွဲ ပြီးမှ ပြန်လုပ်ဖြစ်ဖို့ များပါတယ်။ ရက်ရွေ့လိုက်ရတဲ့အကြောင်း အရင်းကလည်း လက်ရှိ အပြင်မှာ ဖြစ်နေတဲ့ ဂယက်တွေကြောင့် အခုလို ရွှေ့လိုက် တာပါ။ ကျွန်တော်တို့ 7Sense အနေနဲ့က ပရိသတ်ကို အနုပညာတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တင်ဆက်ချင်တာဖြစ်တဲ့အတွက် အခုလို ဂယက်ဖြစ်နေတဲ့ အချိန်မှာ ဖျော်ဖြေပွဲ လုပ်ဖို့ အဆင်မပြေဘူး။ ရက်အတိအကျကို ပြန်ကြေညာသွားမှာပါ" ဆိုပြီးတော့ V7 Entertainment မှ ကိုဝေမင်းမောင်က ဖြေဆိုခဲ့တာပါ။
Photo : 7Sense
Makeup Room Concert လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ MPT အပလီကေးရှင်းကနေ တိုက်ရိုက်လိုက်ဖ်လွှင့် ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေ စင်ပေါ်တက်ပြီး သီဆိုဖျော်ဖြေတာတွေ မလုပ်ကြခင် စတိတ်စင်ရဲ့နောက်ကွယ် Makeup Room ထဲကနေ ပရိသတ်ကို အွန်လိုင်းမှတဆင့် ဖျော်ဖြေမှုပေးတဲ့ ပုံစံမျိုးကျင်းပမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲအတွက် သီချင်း စုစုပေါင်း(၁၅)ပုဒ် သီဆိုဖို့အတွက် စီစဉ်ထားတာလို့ ထွန်းအိန္ဒြာဗိုလ် က Duwun ကို ပြောပြခဲ့ဖူးပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ သရုပ်ဆောင်လောကမှာသာမက ဂီတလောကမှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ခဲ့ဖူးသလို ၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲများစွာလည်း ကျင်းပပြုလုပ်ခဲ့ဖူးပါတယ်။ အဆိုတော် တင်ဇာမော်ကလည်း ဂီတလောကမှာ လေးစားအားကျခြင်းခံထားရတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါပဲ။ သူမဟာ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း ကျင်းပြုလုပ်ခဲ့သလို တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။