လာမယ့် ၂၀၂၀ရွေးကောက်ပွဲဝင်မယ့် ပြည်ခိုင်ဖြိုးပါတီလူစာရင်းမှာ လူငယ်ကိုယ်စားလှယ်လောင်းတွေအများစုပါဝင်လာပြီး ရွေးချယ်ထားတဲ လူငယ်ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ပါတီအနေနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသေးစိတ်ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကိုလည်း ထုတ်ပြန်ကြောညာခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့စာရင်းအရ ပါတီမှာ ကိုယ်စားလှယ်လောင်းအသစ် (၇၀)%ထိပါဝင်ပြီး လူဟောင်း (၃၀)% သာပါဝင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ဦးသန်းဌေး(ဖေ့ဘွတ်)
“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ တော်တော်များများဝင်ရောက်ယှဉ်ပြိုက်ကြတယ်။ရွေးချယ်ထားတဲ့ထဲမှာလူသစ်က (၇၀)%ထိပါတယ်။ လူငယ်တွေလည်းတော်တော်များများပါဝင်ပါတယ်။ရွေးချယ်ထားတဲ့သူတွေကလည်း တကယ်ကိုပဲ ပြည်သူ့ဆန္ဒနဲ့အညီ သူတို့ဒေသအတွက် တကယ်လုပ်ပေးနိုင်မယ့် သူတွေကို ရွေးချယ်ခဲ့တာပါ”လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က Duwun ကို ပြောပါတယ်။
ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တိုင်းနဲ့ပြည်နယ်ကအသီသီးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် (၃၂၀)၊ အမျိုးသားလွှတ်တော်အတွက် (၁၆၅)နေရာနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်နေရာအတွက် (၆၃၄)နေရာ ဝင်ပြိုင်သွားမှာဖြစ်ပါတယ်။
ပါတီဥက္ကဌဖြစ်သူ ဦးသန်းဌေးက နေပြည်တော် ဇေယျာသီရီမြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကော့မှူးကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အရွေးခံမယ့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းက ဦးမြင့်ဦး ဖြစ်တယ်လို့သိရပါတယ်။