Plaid ရဲ့ API ဟာ သုံးစွဲသူတွေရဲ့ ဘဏ်အကောင့်နဲ့ apps တွေကို ချိတ်ပေးပါတယ်

အမေရိကန် နိုင်ငံစုံ ငွေကြေးဝန်ဆောင်မှု ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်တဲ့ Visa ဟာ ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေတဲ့ API startup တစ်ခုကို ဒေါ်လာ ၅.၃ ဘီလျံနဲ့ ဝယ်ယူလိုက်တယ်လို့ ဆိုပါတယ်။

Plaid ဟာ financial services APIs တွေ ရေးဆွဲတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီး Venmo နဲ့ တစ်ခြား ဘဏ် app တွေရဲ့ ဝန်ဆောင်မှုတွေအတွက် API ဆော့ဖ်ဝဲလ်တွေ ထုတ်ပေးနေတာပါ။ Paid ရဲ့ API ဆော့ဖ်ဝဲလ်ဟာ startups တွေကို သုံးစွဲသူရဲ့ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ပေးတာ ဖြစ်ပြီး မိုဘိုင်းငွေပေးချေရေး ဝန်ဆောင်မှု Venmo ၊ မိုဘိုင်းရင်းနှီးမြှပ်နှံမှု app ဖြစ်တဲ့ Robinhood နဲ့ cryctocurrency အိတ်ချိန်းတွေ ဖြစ်တဲ့ Coinbase နဲ့ Gemini တို့နဲ့ လက်တွဲပြီး အလုပ်လုပ်နေတာ ဖြစ်တယ်လို့ CNBC သတင်းက ဆိုပါတယ်။

Photo: betanews

Plaid API ဆော့ဖ်ဝဲလ်ဟာ FinTech developeres တွေအကြားမှာ နာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဘဏ်အကောင့်သုံးသူ ၄ ဦးမှာ ၁ ဦးဟာ Plaid ရဲ့ နည်းပညာကို အသုံးပြု ချိတ်ဆက်ထားတယ်လို့ Visa က ထုတ်ပြန်ပါတယ်။ Visa နဲ့ Mastercard တို့ဟာ Plaid ရဲ့ အစောဆုံး ရင်းနှီးမြှပ်နှံသူတွေထဲမှာ ပါဝင်နေပြီး Goldman Sachs ၊ Citi နဲ့ American Express တို့လည်း Plaid မှာ ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်ထားပါတယ်။

Visa ကို ရောင်းချလိုက်ပြီးနောက်မှာလည်း Plaid ဟာ လွတ်လပ်တဲ့ စီးပွားရေးယူနစ်တစ်ခုအဖြစ် ကျန်ရှိနေမှာ ဖြစ်ပေမယ့် Visa ရဲ့ အမှတ်တံဆိပ် ၊ အရင်းအမြစ်နဲ့ နိုင်ငံတကာပုံရိပ်အောက်မှာ လည်ပတ်သွားမှာပါ။

"Visa အဖွဲ့နဲ့ တွေ့ကတည်းက ကျွန်တော်တို့ အလွန်ပဲ အားရမှု ရှိပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ အနာဂါတ် ဘဏ္ဍာရေးဝန်ဆောင်မှုတွေအပေါ် အမြင်တွေကို share ခဲ့ပြီး ကျွန်တော်တို့ support ပေးထားတဲ့ developer အဖွဲ့အစည်းပေါ်မှာလည်း နက်ရှိုင်းတဲ့ လေးစားမှု ရှိကြပါတယ်" လို့ Plaid ရဲ့ CEO နဲ့ ပူးတွဲတည်ထောင်သူ ဇက်ချ်ပါးရော့က ဘလော့မှာ ရေးထားပါတယ်။

Plaid ကို ဝယ်ယူလိုက်ခြင်းကနေ Visa အတွက် ဈေးကွက်သစ်နဲ့ ထုတ်ကုန်အခွင့်အလမ်းတွေ ပွင့်လာတော့မှာပါ။ Visa နဲ့ လက်တွဲနေတဲ့ မိတ်ဘက်တွေအတွက်လည်း အကျိုးရှိမှာ ဖြစ်ပြီး Fintech ငွေကြေးနည်းပညာပိုင်း ဖွံ့ဖြိုးမှုပိုင်းအတွက်လည်း ပိုပြီး နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နိုင်လာမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Photo: nocash


Visa ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာ ကမ္ဘာပေါ်က အင်တာနက်သုံး consumers တွေရဲ့ ၇၅% ဟာ Fintech app သုံးပြီး ငွေလွှဲပြောင်းမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ FinTech app သုံးပြီး ငွေလွှဲမှုနှုန်း ၁၈% ရှိရာကနေ ၄ နှစ်အတွင်း ၄ ဆကျော် ခုန်တက်လာတာပါ။

မိုဘိုင်းဘဏ်စနစ်များ ၊ cryptocurrency ငွေကြေးစနစ်များ အသုံးပြုမှု များလာတာကြောင်း Fintech App အသုံးပြုမှုပမာဏဟာ ဆက်လက် မြင့်တက်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က