သူမကိုယ်တိုင်လည်း လှူခဲ့ပါပြီတဲ့။

အေးမြတ်သူဟာ သွေးလိုအပ်မှုရှိနေတဲ့ လူနာတွေအတွက် သွေးလှူခြင်းကုသိုလ်ပြုခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Aye Myat Thu



ပရိသတ်အချစ်တော် မင်းသမီးချောလေး အေးမြတ်သူကတော့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ သွေးလှူခြင်း ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမလိုပဲ ပရိသတ်တွေကိုလည်း သွေးအလှူ ကုသိုလ်ယူစေချင်တယ်လို့ ပြောပါတယ်။ 

" မြန်မာသက္ကရာဇ်.. ၁၃၈၂ခုနှစ်... နှစ်ဆန်းတစ်ရက်နေ့ ၊ နှစ်ဦးကောင်းမှု့အလှူ။ သွေးလိုအပ်နေသော လူနာများအတွက် ကျန်းမာသောချစ်ရသူတို့၏သွေးများလိုအပ်နေပါသည်ရှင့်။ မမြတ်လေးပြုသောကောင်းမှု့အလှူလေးကိုတွေ့မြင်ပြီး ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေလည်း မုဒိတာပွားရင်း လှူချင်စိတ်လေး ဖြစ်လာမယ်ဆို မမြတ်လေးကုသိုလ်ပိုရမယ်လို့ တွေးထင်ပြီး မျှဝေတာပါရှင့်။ (၇)ရက်သားသမီးများအားလုံး စိတ်သောကတွေ အမြန်ဆုံးကင်းလွှတ်ငြိမ်းကြပါစေရှင်" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဧပြီလ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ငွေအင်အားသာမက လူအင်အားနဲ့ပါ အမြဲပါဝင် ကူညီတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲရှိသူတွေအတွက် တတ်နိုင်တဲ့ အလှူအတန်းတွေ လုပ်သလို We Love Yangon အဖွဲ့သားတွေနဲ့ အတူ အိမ်တိုင်ရာရောက် စားနပ်ရိက္ခာ အခမဲ့ ပို့ဆောင်ပေးနေတာကိုလည်း တွေ့ရပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

က္က