ဒီတစ်ပတ်အတွင်း MyJobs မှာ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက ရာထူးမြင့်ပြီး လစာကောင်းတဲ့ Top အဖြစ်ဆုံး အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ Marketing Manager
လစာ ၂၅ သိန်းကနေ သိန်း ၃၀ ကြားရရှိနိုင်တဲ့ ဒီအလုပ်အကိုင်အခွင့်အလမ်းကတော့ လုပ်သက် ၄ နှစ်လောက်တော့ ရှိဖို့လိုအပ်ပါတယ်။ မာကတ်တင်းလောကရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေ ရှိဖို့လိုပြီး ဈေးကွက် ရှာဖွေတာ ၊ ကိုယ့်လုပ်ငန်းကို လူအများသိစေဖို့ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူတွေ လျှောက်ထားသင့်ပါတယ်။ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။ MSIP Operation Assurance - Passive Manager
IT & Telecomsလောကမှာ လုပ်ကိုင်ရမယ့် အလုပ်အကိုင်အတွေ့အကြုံ ၇ နှစ်လောက် ရှိဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီနဲ့ client ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရရှိအောင် ချိတ်ဆက်ပေးရမယ့် ဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ရမှာပါ။ တက်တက်ကြွကြွ လှုပ်ရှားလုပ်ကိုင်တတ်သူ ၊ လုပ်ငန်းလည်ပတ်ဖို့အတွက် စီမံခန့်ခွဲမှုအားကောင်းသူဖြစ်ဖို့ လိုပြီး ဝန်ဆောင်မှုပေးရတာမျိုးကို နှစ်သက်သူဖြစ်ဖို့ လိုပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၃။ Regional Sales Manager (Pharmaceutical )
ကျန်းမာရေးဝန်ဆောင်မှုနဲ့ ဆေးဝါးကုမ္ပဏီမှာ လုပ်ကိုင်ရမှာဖြစ်ပြီး ဆေးဝါးထုတ်ကုန်တေွ ရောင်းချတာ၊ ဝယ်သူတွေကို ဝန်ဆောင်မှုပေးတာ ၊ ပေးထားတဲ့ target အမှီ လုပ်ဆောင်နိုင်တယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်သူတွေလျှောက်ထားနိုင်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး Sales and Marketing Management လုပ်ငန်းအတွေ့အကြုံ ၇ နှစ်ကနေ ၁၀ နှစ်အတွင်းရှိသူကို ဦးစားပေးခန့်ထားမှာပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
img.franchising.com
၄။Production Manager
စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းမှာ လုပ်ကိုင်ရမှာဖြစ်ပြီး ၃ ဦးခန့်ထားမှာဖြစ်ပါတယ်၊ ဂျုံခေါက်ဆွဲ ၊ဆန်ခေါက်ဆွဲ ၊ကြာဇံ ၊မုန့်ဖတ်ခြောက် ၊ဆန်ပြားခြောက် စတာတွေကို ဦးဆောင်ထုတ်လုပ်ရမှာဖြစ်ပြီး လုပ်ငန်းနှင့်ပတ်သက်သော အတွေ့ အကြုံ ၅ နှစ်ရှိဖို့ လိုအပ်ပါတယ်။ လစာအားဖြင့်တော့ ၄သိန်းကနေ ၆သိန်းထိရရှိမှာပါ။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။ Project Manager for Mandalay
မန္တလေးမှာ လုပ်ကိုင်နိုင်သူတွေအတွက် ရည်ရွယ်ပါတယ်။ Mogok Highway Site မှာ လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပြီး B.E, B.Tech, A.G.T.I (Civil) ဘွဲ့ရသူဖြစ်ရပါမယ်။ အသက် (၅၀) နှစ်အောက် ၊ အဝေးပြေးလမ်းမစီမံကိန်းနဲ့ ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ ၅ နှစ်ရှိဖို့ လိုအပ်ပါတယ်။ ခရီးသွားလာနိုင်သူဖြစ်ပြီး ကားမောင်းလိုင်စင် (ခ) ရှိရပါမယ်။ ဖိအားတွေကို ကောင်းစွာကိုင်တွယ်နိုင်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူကို ဦးစားပေးပါမယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။