မသိရင် remote control လေးလို

Android ကို စပြီး တည်ထောင်ခဲ့သူထဲက တစ်ဦး ဖြစ်တဲ့ အန်ဒီရူဘင်ဟာ စမတ်ဖုန်းလောကမှာ မမြင်ဖူးသေးတဲ့ စမတ်ဖုန်းဒီဇိုင်းသစ်ကို နမူနာမိတ်ဆက်လိုက်ပါတယ်။


အန်ဒီရူဘင်ရဲ့ Twitter မှာ တင်ထားတဲ့ ပုံအရ Essential Phone သစ်ဟာ အတော်ကြီးကို ရှည်လျား သေးသွယ်ပြီး button ကိုလည်း အရှည်ကြီးသုံးထားတာပါ။ ပုံတွေမှာတော့ ဒီဖုန်းကို ကိုင်ထားချိန်မှာ လက်ထဲ အလွန့်ကို သေးသွယ်နေတာ တွေ့မှာ ဖြစ်ပြီး ကျောဘက်မှာ fingerprint တစ်ခုနဲ့အတူ ကြီးမားတဲ့ single lens တစ်ခု ပါလာတာ တွေ့ရပါတယ်။

Photo: factschronicle

ရှေ့screen ရဲ့ အပေါ် ဘယ်ဘက်ထောင့်မှာ punch-hole ဒီဇိုင်းနဲ့ကင်မရာတစ်လုံး ပါလာပြီး ဖုန်းဒီဇိုင်းဟာ Galaxy Fold ခေါက်ထားတဲ့ ဒီဇိုင်းနဲ့အတော်လေး ဆင်ပါတယ်။ ရူဘင်ကတော့ ဒီဇုန်းဟာ formfactor အမျိုးမျိုးအတွက် UI သစ် သုံးထားတယ်လို့ဆိုပါတယ်။ UI သစ်အကြောင်းကိုတော့ ပြောသွားခြင်း မရှိပါဘူး။

Twitter မှာ တင်ထားတဲ့ ပုံထဲမှာ Mapping app တစ်ခုကို သုံးပြထားပြီး ဒီ app ဟာ Google Maps နဲ့မတူဘဲ Interface တစ်ခုလုံးဟာ ထောင်လိုက် scrolling cards ပေါ်မှာ အခြေခံထားတဲ့ ပုံစံ ဖြစ်လာပါတယ်။ နောက်ထပ် ဆန်းသစ်လာတဲ့ အပိုင်းက ရောင်ပြေးကာလာတွေရဲ့ နောက်တစ်ဆင့်လို့ဆိုရမယ့် ကာလာပြောင်းတဲ့ နည်းပညာပါ ။


GEM Colorshift ပစ္စည်းသုံးထားတာဖြစ်လို့ဒီဖုန်းတွေဟာ ကြည့်လိုက်တဲ့ ထောင့်ပေါ်လိုက်ပြီး ကာလာပြောင်းသွားမှာပါ။ ဥပမာအားဖြင့် အစိမ်းရောင်လို့မြင်ရတဲ့ အရောင်ကနေ နေရာပြောင်းလိုက်တာနဲ့အဝါ ၊ အပြာစသည်ဖြင့် ပြောင်းသွားတာ တွေ့ရပါတယ်။ The Verge နဲ့တွေ့ဆုံခဲ့တဲ့ Essential ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ကုမ္ပဏီရဲ့ ထုတ်ကုန်သစ်ဟာ ကနဦး စမ်းသပ်ဆဲအဆင့်မှာပဲ ရှိပြီး မကြာခင်မှာ သတင်းသစ်တွေ ထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က