ပရိသတ်တွေ အထင်လွဲခဲ့တာပါ။

နေဒွေးက သူနဲ့ အတူ ပရဟိတအဖွဲ့သားတွေ အလှူလုပ်ရင်း Surprise လုပ်ခဲ့မိတဲ့အပေါ် ပရိသတ်တွေ အထင်အမြင်မလွဲစေချင်ဘူးလို့ ဆိုလာပါတယ်။ 

Photo: Nay Dway



နေဒွေးကတော့ ပရိသတ် ဝေဖန်မှုတွေ များခဲ့တဲ့ သူ့ရဲ့ အလှူလေးအကြောင်းကို ပြန်လည် ဖြေရှင်းလာတာ တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း ဒီပရဟိတအလှူရဲ့ အစီအစဉ်ကို သေချာ မသိခဲ့တာကြောင့် ပရိသတ်တွေရဲ့ အထင်လွဲမှုတွေ ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

" ကျွန်တော် ပူးပေါင်းပြီး အလှူသွားလုပ်တဲ့ နေရာမှာ နည်းနည်းလေး ပြဿနာရှိသွားတယ်။ သူတို့ရဲ့ Surprise အစီအစဉ်ကိုလည်း ကျွန်တော် တကယ်မသိခဲ့ဘူးခင်ဗျ။ ကျွန်တော်ထင်တာက သူတို့ လှူလိုက်မယ် ပြီးတော့ သရုပ်ဆောင် တစ်ယောက်ပါ ပါလာတယ်ဆိုတော့ သူတို့ဝမ်းသာသွားမယ် အဲဒီလောက် Surprise ပဲ ထင်ထားတာ။ အရှေ့မှာလည်း ဒီလောက်ထိ လုပ်ထားလိမ့်မယ်လို့ ကျွန်တော်မသိဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း မကြိုက်ပါဘူး။ ဒီ Surprise က သူတို့တွေအတွက် အဆင်မပြေမှုလေးတွေ ဖြစ်သွားနိုင်တယ်လေ။ သူတို့ကလည်း ပြန်ရှင်းပြပါတယ် တကယ်တော့ တာဝန်ရှိသူ တစ်ယောက်ယောက်ကို အလှူလာလုပ်မယ့်အကြောင်း ကြိုပြောထားတယ်လို့ ပြောတယ်" ဆိုပြီးတော့ ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: Nay Dway

လက်ရှိမှာ COVID-19 ကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အခြေခံလူတန်းစားတွေအတွက် အနုပညာရှင်တော်တော်များများက စားနပ်ရိက္ခာတွေ လှူဒါန်းနေတာ တွေ့ရပါတယ်။ သရုပ်ဆောင် နေဒွေးကလည်း ပရဟိတအဖွဲ့တစ်ခုနဲ့ပေါင်းပြီး ဧပြီလ ၇ ရက်နေ့က စည်ပင်ဝန်ထမ်းတွေအတွက် စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် စည်ပင်ဝန်ထမ်းမိသားစုအပေါ် စနောက်ခဲ့တဲ့ ပရဟိတအဖွဲ့သားတွေရဲ့ အပြုအမှုတွေကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုများစွာ ခံခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

Photo: Nay Dway

COVID-19 ကာလမှာ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသူတွေအတွက် သရုပ်ဆောင် နေဒွေးကလည်း စားနပ်ရိက္ခာတွေ လိုက်လံလှူဒါန်းနေတယ်လို့ သိရပါတယ်။ 

" တချို့ ပရိသတ်တွေကျတော့ အထင်အမြင်လွဲမှားသွားတာပါ။ ကျွန်တော်လည်း တတ်နိုင်သလောက် ရှင်းပြပါတယ်။ ကျွန်တော်တစ်ယောက်တည်း လိုက်လှူနေတာတော့ ကြာပါပြီ။ တစ်ယောက်တည်း အင်အားနဲ့ဆိုတော့ နည်းနည်းပဲ လှူနိုင်တယ်။ အဖွဲ့အစည်းနဲ့ လှူတာ အများကြီးဆိုတော့ အရမ်းလည်း သဘောကျတယ်။ အခု အတူတူလှူကြတဲ့ အဖွဲ့ကလည်း အကုန် လူငယ်တွေဖြစ်တယ်၊ ကျွန်တော်မပါခင်ကတည်းက သူတို့ရဲ့ အလှူက Surprise အမျိုးမျိုးနဲ့ လှူခဲ့တာတွေဆိုတော့ အပြစ်သွားပြောလို့လည်း မရဘူး" လို့ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Nay Dway

နေဒွေးကိုဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူဟာ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် သံစဉ်မောင်က တရားစွဲဆိုထားတဲ့ အမှုကို ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က