အရင်တုန်းကတော့ ချစ်သူ ရှိခဲ့ဖူးတာပေါ့။

ကျော်ထက်အောင်ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ် သိချင်နေတဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

Photo: Kyaw Htet Aung



ကျော်ထက်အောင်ရဲ့ အချစ်ရေးအကြောင်းတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူသိများလှတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ဒါကြောင့် ကျော်ထက်အောင်က ပရိသတ်တွေ စိတ်ဝင်စားလှတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းတွေကို Duwun ကနေတဆင့် ပြောပြလာပါတယ်။ 

“ အကုန်လုံးက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ့ရှုထောင့်နဲ့ သူဆိုတာ ရှိကြတယ်။ ကျွန်တော် ဘာမှ မဖြစ်ခင် အချိန်တုန်းကတော့ ချစ်သူရှိခဲ့ဖူးတာပေါ့လေ။ အခုတော့ သူက အိမ်ထောင် တောင်ကျသွားပါပြီ။ ဝေဖန်မှုတွေဆိုတာကလည်း Myanmar idol (Season-1) ကတည်းက ရှိခဲ့တာပါ။ ဒီအပေါ်မှာ ဘာမှ မခံစားရပေမယ့် ရိုက်ခတ်မှုတွေတော့ ရှိလာတာပေါ့။ ပုထုဇဉ်တစ်ယောက်ဆိုတော့ ကိုယ်က အနုပညာရှင်လည်း ဖြစ်တဲ့အတွက် ဒီလိုမျိုးအဖြစ်တွေနဲ့ သာမန်လူတွေရင်ဆိုင်ရတဲ့အခါမှာ ဘယ်လို နေထိုင်သင့်တယ်ဆိုတာကို ကိုယ်က ပြရမယ့် တာဝန်လည်းရှိနေပြန်တာကြောင့် ကိုယ့်ဘက်ကလည်း ဘယ်လိုရင်ဆိုင်ရမယ် ဆိုတဲ့ အရာလေးတွေရှာဖွေရင်း ကြိုးစားနေထိုင်တာပေါ့လေ” ဆိုပြီးတော့ သြဂုတ်လ (၉) ရက်နေ့က ဖြေဆိုခဲ့တာပါ။

Photo: Kyaw Htet Aung

 ကျော်ထက်အောင်ကိုယ်တိုင်ကလည်း သူကြုံတွေ့ခဲ့ရတဲ့ အရာတွေမှာ အမှား ရှိခဲ့ရင်တောင် ဒီအမှားတွေထဲကနေ သင်ခန်းစာ ယူတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း မြန်မာအိုင်ဒေါ ပြိုင်ပွဲ အစကတည်းက ပရိသတ် ဝေဖန်မှုတွေ ကြုံခဲ့ဖူးတယ်လို့ သိရပါတယ်။ 

“ လူဆိုတာ အမှားနဲ့ မကင်းကြပါဘူး။ အမှားဆိုတာမျိုးက သူများ မိသားစု ပျက်စီးသွားအောင်၊ စီးပွားပျက်သွားအောင်၊ သူများ သားမယားဖျက်ဆီးသွားအောင်၊ သူများမိသားစု ဘဝတွေ စုတ်ပြတ် မသတ်သွားလို့ရှိရင် တချို့ အမှားတွေက ပြန်ချစ်ပေးလို့ရတဲ့ အရာတွေရှိတယ်။ အဲဒီအတွက် ကိုယ်တိုင်ကလည်း သူများ အမှား၊ ကိုယ့်အမှားတွေကို ပြန်သုံးသပ်ပြီး သင်ခန်းစာ ဘယ်လို ယူရမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျာ” လို့ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Kyaw Htet Aung

ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်သလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က