သူကတော့ စပိုက်ဒါမန်း တစ်ယောက်အဖြစ်ပါဝင်ထားတာ တွေ့ရပါတယ်။

ရဲလေးကတော့ “ကမ္ဘာကျော် ရုပ်ရှင်” ဇာတ်ကားထဲက ဇာတ်ကောင်တွေကို ပရိသတ်တွေ ဝေဖန်နေကြတဲ့အပေါ် အခုလို ပြောပြလာပါတယ်။

Photo: ကမ္ဘာကျော်ရုပ်ရှင်



သရုပ်ဆောင် ရဲလေးကိုတော့ “ကမ္ဘာကျော်ရုပ်ရှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စပိုက်ဒါမန်း အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ စပိုက်ဒါမန်းလို ဝတ်ရုံဝတ်ထားတဲ့ ဟီးရိုးတစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“စပိုက်ဒါမန်း လိုတော့ မဖြစ်နိုင်ဘူးလေ။ ငယ်ငယ်တုန်းကတော့ စူပါမန်းဇာတ်ကားတွေ ကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် အမျိုးဘာသာ သာသနာအတွက်၊ ကျွန်တော့် မိသားစုအတွက်၊ ဒုက္ခရောက်နေနတဲ့ သက်ကြီး အဘိုးအဘွားတွေအတွက်အကျိုးပြုနိုင်တဲ့ ဟီးရိုး တစ်ယောက်တော့ ဖြစ်ချင်အောင်ကြိုးစားတယ်။ ငယ်ငယ်တုန်းကလည်း ဟီးရိုးတစ်ယောက် အရမ်းဖြစ်ချင်ခဲ့တယ်။ ကိုယ်ဖြစ်ချင်တဲ့ ဟီးရိုးဖြစ်ဖို့ ပိုက်ဆံရှာတယ်၊ ပြီးရင် မရှိဆင်းရဲတဲ့သူတွေကို ကျွန်တော် ကူညီချင်တယ်၊ YLJK Entertainment ရဲ့ ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်။ ဟီးရိုးဆိုတာ ဝတ်ရုံ ဝတ်ထားတဲ့လူမှ ဟီးရိုးမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။ 

Photo: ကမ္ဘာကျော်ရုပ်ရှင်

ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားထဲမှာတော့ စပိုက်ဒါမန်း၊ စူပါမန်း၊ ဘတ်မန်း စတဲ့ နာမည်ကျော် ဟီးရိုး ဇာတ်ကောင်တွေကို မြန်မာအနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ဖြိုးငွေစိုး၊ကျော်ကျော်ဗို၊ ရဲလေး၊ ကောင်းပြည့်၊ ဂျိုကာ၊ အရိုင်း၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ ယုသန္တာတင်၊ သွန်းဆက်နဲ့ နန်းခင်ဇေယျာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မတ်လ ၁၂ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ 

Photo: Ye Lay

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး “ကမ္ဘာကျော် ရုပ်ရှင်” ထဲမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တိုင်းကလည်း ဝေဖန်မှုတွေ ခံနေရတာ တွေ့ရပါတယ်။ ဒီဝေဖန်မှုတွေအပေါ် သရုပ်ဆောင် ရဲလေးက အခုလို ပြောပြလာပါတယ်။ 

“ ဇာတ်ကားတိုင်းကတော့ ဝေဖန်မှု ရှိပါတယ်။ ဒီဇာတ်ကားမှ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်ဟာ တိုးတက်ရာ တိုးတက်ကြောင်း ပြောင်းလဲဖို့ ကြိုးစားကတည်းက ဝေဖန်မှုတွေ ခံခဲ့ရတာပါ။ ကျွန်တော်တို့ ကလေး ဘဝကတည်းကနေ အခုလို သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ အချိန်ထိ ဝေဖန်တာတွေရှိခဲ့တယ်။ နောက်ထပ်လည်း ဝေဖန်ခံနေရဦးမှာပဲ ဆိုတော့ ရိုးရိုးလေးတွေးလိုက်ရင် ဘာမှ မဟုတ်တော့ပါဘူး” ဆိုပြီးတော့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက “ကမ္ဘာကျော်ရုပ်ရှင်” အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Ye Lay

ရဲလေး(Ye Lay)ဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က