အမ်ဘာပေကို အီဘရာဟီမိုဗစ်က အကြံပေးခဲ့တာပါ။

ပြင်သစ် နဲ့ PSG ကြယ်ပွင့် အမ်ဘာပေအနေနဲ့ လက်ရှိစွမ်းဆောင်မှုတွေက မလုံလောက်သေးဘဲ ဒီထက်ပိုကြိုးစားဖို့ လိုအပ်တယ်လို့ အီဘရာဟီမိုဗစ်က တွန်းအားပေးခဲ့ပါတယ်။ အမ်ဘာပေဟာ ကမ္ဘာ့ဘောလုံးလောကအတွက် တောက်ပလာဦးမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပေမယ့် ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ မှာ သူ့ရဲ့ကျရှုံးမှုနဲ့အတူ စိတ်ကြီးဝင်နေတယ်ဆိုတဲ့ဝေဖန်သံတွေနဲ့ ရင်ဆိုင်နေရတာပါ။



အသက် (၂၂) နှစ်အရွယ် အမ်ဘာပေအနေနဲ့ လက်ရှိ PSG ရဲ့ အဓိက,ကစားသမားအဖြစ် အသုံးတော်ခံနေပေမယ့် သူ့ရဲ့ ကစားသမားဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် ရီးရဲယ်မက်ဒရစ်ကို ပြောင်းဖို့လည်း ဆန္ဒပြင်းပြနေပါတယ်။ အီဘရာဟီမိုဗစ်ကတော့ အမ်ဘာပေအနေနဲ့ စိတ်ဓာတ်တက်ကြွလာအောင် လှုံ့ဆော်ခံရခြင်းမရှိတာကြောင့်လည်း အခုလိုမျိုး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယူဆထားပါတယ်။

အီဘရာဟီမိုဗစ်က “ကျွန်တော် အမ်ဘာပေကို ချစ်ခင်သဘောကျပါတယ်။ ဒါပေမယ့် သူ့အခုစွမ်းဆောင်ရည်တွေက လုံလောက်မှုမရှိသေးပါဘူး။ သူ့ကိုယ်သူ ပိုမိုနာကျင်အောင် လုပ်နိုင်ရမယ်၊ သွေးနံ့တွေကို အရသာခံနိုင်၊ ဆာလောင်လာနိုင်ရမယ်၊ မီးလောင်ထဲ လမ်းလျှောက်ပြနိုင်ရပါမယ်။ သူ့ရဲ့ ဘေးပတ်လည်မှာ ‘မင်းက မကောင်းသေးဘူး၊ ဒီထက် ပိုကောင်းနိုင်ရမယ်’ လို့ ပြောနိုင်တဲ့သူမျိုးတွေရှိသင့်ပါတယ်”

“အမ်ဘာပေက ကျွန်တော့်အတွက်တော့ အကောင်းဆုံး ကစားသမား (၁၀) ယောက်စာရင်းထဲ ပါ,ပါတယ်။ ထိပ်တန်းအဆင့်မှာ ကာလရှည်ရပ်တည်နိုင်ခဲ့တဲ့ ကစားသမားတွေလည်းရှိပါတယ်။ ဒါပေမယ့် လူငယ်တွေထဲမှာဆိုရင် ဟာလန်းရှိပါဦးမယ်၊ နောက် ဘယ်သူရှိသေးလဲ၊ အီဘရာဟီမိုဗစ်ရှိသေးတယ်ဗျာ၊ အခြားသူတွေအကြောင်း ခင်ဗျား ပြောနေစရာမလိုပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ (၂၀၁၂) ကနေ (၂၀၁၆) အထိ ပြင်သစ်လီဂူးကလပ် PSG အတွက် ကစားပေးခဲ့ဖူးတဲ့ ကစားသမားပါ။ (၂၀၁၆) မှာ PSG က ထွက်ခွာပြီးနောက်ပိုင်း အီဘရာဟီမိုဗစ်က ယူနိုက်တက်၊ မေဂျာလိဂ်ကလပ် LA ဂလက်ဆီတို့ အတွက် ကစားပေးခဲ့ပြီး လက်ရှိအချိန်မှာတော့ စီးရီးအေကလပ် အေစီမီလန်မှာ ကစားလျက်ရှိပါတယ်။ 

Share

က္က