ဖီးလစ်ကတော့ အသင်းဟောင်းကို အနိုင်ယူခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီမှာ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ယာအိုဖီးလစ်ဟာ မနေ့ညက အသင်းဟောင်းနဲ့ပွဲမှာတော့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘာစီလိုနာက ဖီးလစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ပထမပိုင်းမှာကတည်းက ရရှိခဲ့တဲ့ ဒီသွင်းဂိုးနဲ့အတူ ဖီးလစ်က ပွဲချိန်တစ်လျှောက်လုံး ပုံစံကောင်းပြနိုင်ခဲ့ပြီး လူစားလဲခံရချိန်မှာလည်း နူးကမ့်ကွင်းအတွင်း ပရိသတ်တွေက မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာဟာ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျီရိုနာတို့နဲ့ (၄) မှတ်ကွာအနေအထားကနေ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဖီးလစ်ဟာ ပေါ်တိုကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အဆိုပါပွဲမှာ ဘာစီလိုနာတို့ ပေါ်တိုကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခု ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ မတွေ့ခင် ဒီတစ်ပတ် အစောပိုင်းမှာတော့ အသင်းဖော်ဟောင်းတွေက ဖီးလစ်ကို ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းက ဖီးလစ်ဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိဘူး ပြောကြားခဲ့သလို ဆာအူးလ်နီဂွက်ဇ်ကလည်း ဖီးလစ်အနေနဲ့ အက်သလက်တီကိုမှာ အခုထက် ပိုကောင်းတဲ့ အရာတွေကို လုပ်ပြနိုင်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အခု အသင်းဟောင်းနဲ့ ပြန်တွေ့ချိန်မှာတော့ ဖီးလစ်က တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က