ဝေဖန်သံတွေ တအားဆူညံလာတဲ့နောက် ဂရီလစ်ရှ်လည်း သည်းမခံတော့ပါဘူး။

မန်စီးတီးရဲ့ ပေါင်သန်း (၁၀၀) တန် တိုက်စစ်ကစားသမား ဂရီလစ်ရှ်က သူ့အပေါ် ဂရေမီဆောင်းနက်စ်က ဆက်တိုက် ဝေဖန်နေတဲ့အပေါ် ဘာပြဿနာရှိနေမှန်းတောင် မသိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေမှာ အက်စတွန်ဗီလာကနေ မန်စီးတီးကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။



ဒါပေမယ့် ဒီကစားသမားက ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုးကို မပြသနိုင်ဘူးလို့ ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီအားလပ်ရက်အတွင်း အပျော်လွန်နေတဲ့ သူ့ရဲ့ဓာတ်ပုံတွေ မီဒီယာတွေဆီ ပျံ့နှံ့ခဲ့တာကြောင့်လည်း ဂရီလစ်ရှ်က သာမန်ထက် ပိုမိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်လည်း မမှားပါဘူး။ ဂရေမီဆောင်းနက်စ်က “ဂရီလစ်ရှ်က ထိပ်တန်းကစားသမားမဟုတ်ပါဘူး”

“ကျနော် သူ ဗီလာမှာ ကစားနေတည်းက စောင့်ကြည့်ခဲ့တာပါ။ သူက အဲ့ဒီအသင်းမှာ ပြစ်ဒဏ်ဘောအကျူးလွန်ဆုံး ကစားသမားတယောက်ပါ။ လူတွေက သူ့ကို သာမန်ထက် ပိုကောင်းတယ်လို့ ဘာကြောင့်ထင်နေလဲ ကျနော် မသိပါဘူး။ သူက ဘောလုံးနဲ့ဆွဲပြေးနိုင်တာပဲရှိပါတယ်။ ဖြန့်ဝေမှုကောင်းကောင်းမလုပ်နိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဒီစကားတွေကို ဂရီလစ်ရှ်က “ဆောင်းနက်စ်က ကျနော်နဲ့ပတ်သက်လို့ ဘာတွေကွိုင်နေလဲ မသိပါဘူး”

“သူ ကျနော့်အကြောင်း အမြဲပြောပါတယ်။ ကျနော်ကတော့ သူပြောတာတွေ အများကြီးလည်း လိုက်မဖတ်ပါဘူး။ သူ စကိုင်းစပေါ့မှာ အလုပ်လုပ်နေရတာကလည်း ခက်ခဲပါတယ်။ ဒီတော့ လေ့ကျင့်ရေးကွင်းက နေရာအနှံ့ကို ရောက်နိုင်ဖို့လည်း ခက်မှာပါ။ သူက ထိပ်တန်းကစားသမားတယောက်ဖြစ်ခဲ့ပြီး အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်”

“ဒါပေမယ့် သူ ကျနော့်အကြောင်းကို ပြောနေတာတွေ၊ ကျနော် နဲ့ ဘာပြဿနာတွေရှိနေလဲ ကျနော် မသိပါဘူး။ ကျနော်က ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါတယ်။ ပွဲတွေပြန်ကြည့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန်တယ်၊ အထူးသဖြင့် ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ ကျနော် အကောင်းဆုံးပုံစံမပြနိုင်ခဲ့ချိန်က ပွဲတွေပေါ့။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာပေါ်က ဒါမှမဟုတ် ဝေဖန်ရေးသမားတွေက ဒါမျိုးတွေ အမြဲပြောနေကြတာပါပဲ” လို့ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က