စပါးတိုက်စစ်မှူး ဆွန်နဲ့ ထိခိုက်မိပြီး ခြေကျင်းဝတ်အဆစ်ပြင်းထန်စွာ လွဲသွားခဲ့တာပါ။

အန်ဒရေကို မနေ့က ခွဲစိတ်ကုသခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် အမြန်ဆုံး ပြန်လည်သန်စွမ်းရေးတွေ လုပ်ဆောင် နိုင်ဖို့ အန်ဒရေက မျှော်လင့်နေတာပါ။

စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ခြေကျင်းဝတ်အဆစ် ပြင်းထန်စွာ လွဲချော်ခဲ့ ရတဲ့ အဲဗာတန် ကစားသမား အန်ဒရေကို မနေ့က ခွဲစိတ်ကုသပေးခဲ့ရာမှာ အောင်မြင်ခဲ့တယ်လို့ အဲဗာတန်အသင်း က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။





အဲဗာတန်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ - “ ခွဲစိတ်ကုသမှု မျှော်မှန်းထားသလို အောင်မြင်ခဲ့ပါတယ်။ပေါ်တူဂီ လက်ရွေးစင်အနေနဲ့ တနင်္ဂနွေနေ့က စပါးနဲ့ပွဲမှာ ထိခိုက်မိပြီး ခြေကျင်းဝတ် ပြင်းထန်စွာ အဆစ်လွဲခြင်းဝေဒနာကို ခံစားခဲ့ရတာပါ။အခုတော့ ခွဲစိတ်ကုသမှုအပြီး ဆေးရုံမှာအချိန်တစ်ခုကြာ ဆက်လက်ကုသမှု ခံယူရပါဦးမယ်။ပြန် လည်သန်စွမ်းရေးတွေကိုတော့ အသင်းရဲ့ ဆေးအဖွဲ့နဲ့ ဆက်လက်လုပ်ဆောင်ရပါမယ်။” လို့ ပါရှိပါတယ်။

အသက် ၂၆နှစ်အရွယ် အန်ဒရေကတော့ ခွဲစိတ်မှုအောင် မြင်ခဲ့ပြီးနောက် အမြန်ဆုံး အပြည့်အဝ လေ့ကျင့်မှုတွေကို ပြုလုပ်နေချင်ပြီလို့လည်း သိရပါတယ်။

အန်ဒရေနဲ့ ပတ်သက်ပြီး စိတ်ပူပေးခဲ့ကြတဲ့ ပရိသတ်ကြီးနဲ့ ဘောလုံး မိသားစုဝင်တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။အားပေးကြတဲ့ စာတွေလည်း မနေ့ကတည်းက ကျွန်တော်တို့ ရရှိခဲ့ပါတယ်။” လို့ အဲဗာတန်အသင်းက ရေးသားဖော်ပြထားပါသေးတယ်။

အန်ဒရေ ဒဏ်ရာကြောင့် အနားယူရမယ့်ကာလကိုတော့ အဲဗာတန်အသင်းက ထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

က္က