ရောင်းသူဝယ်သူအတွက် အရမ်းကို အကျိုးရှိတဲ့ KBZPay Market ပဲဖြစ်ပါတယ်။

Online Marketplace တွေ လူသိများခေတ်စားလာတာနဲ့အမျှ ဒီလုပ်ငန်းတွေက စီးပွားရေးလုပ်ငန်းရှင် (ရောင်းချသူ) တွေနဲ့ ဈေးဝယ်ယူသူ (Customer) နှစ်ဦးနှစ်ဖက်လုံးအပေါ် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။



 

အရာရာတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ လူတွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုပုံစံတွေကလည်း ပြောင်းလဲလာသလို စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သမားရိုးကျနည်းတွေက ကွဲထွက်လာပြီး အွန်လိုင်းပေါ်မှာပါ တစ်စိတ်တစ်ပိုင်း အနေနဲ့ လုပ်ငန်း တိုးချဲ့ လည်ပတ်လာတာကိုတွေ့ရပါတယ်။ Business တွေအနေနဲ့ ကိုယ်ပိုင် Website တွေ Facebook Page တွေတင်မကဘဲ E-Commerce Platform တွေမှာပါ ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချလာတာကို ပိုတွေ့ရပါတယ်။ စာဖတ်သူတို့ အားလုံးလည်း KBZPay Application ကို ရင်းနှီးကြမယ်ထင်ပါတယ်။ အခုတစ်ခါမှာတော့ KBZPay မှာရှိတဲ့ KBZPay Market (Ecommerce) အကြောင်း မူတည်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

 

 KBZPay Market မှာ ရောင်းချသူတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်မလဲ? 

 

ကျွန်တော်လေ့လာမိသလောက် ပထမတစ်ချက်အနေနဲ့ KBZPay Market က KBZPay Application မှတစ်ဆင့် သွားရတာဖြစ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ သန်းပေါင်းများစွာသော KBZPay အသုံးပြုသူတွေထံကို မိမိတို့ရဲ့ကုန်ပစ္စည်းများကို ခင်းကျင်းရောင်းချနိုင်တာဖြစ်တဲ့အတွက် ထိုသန်းပေါင်းများစွာသောလူတွေက မိမိ လုပ်ငန်းရဲ့ ဝယ်ယူသူတွေဖြစ်လာနိုင်တဲ့ အချက်ပါပဲ။ နောက်ထပ် ကောင်းတဲ့အချက်တစ်ခုကတော့ KBZPay Market အနေနဲ့ အခြား Delivery မိတ်ဖက်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက်ကြောင့် ပစ္စည်းပို့ဆောင်တဲ့အခါ Delivery ကိစ္စနှင့်ပတ်သက်ပြီး ရောင်းချသူက ကိုယ်တိုင်စီစဉ်စရာမလိုတာပါပဲ။ E-Commerce တွေရဲ့ သဘောတရားအရ Discount တွေ Promotion အစီအစဉ်တွေက လစဉ် အချိန်ရာသီအလိုက် အမြဲရှိနေတာဖြစ်လို့ မိမိ Brand အနေနဲ့ Promotion အစီအစဉ်တွေမှာ ပါဝင်ရင်း Customer တွေထံကို ပိုပြီးရောက်ရှိနိုင်ပါတယ်။ Promotion အစီအစဉ်တွေမှာပါဝင်တဲ့အခါမှာလည်း မိမိရဲ့ Brand အကြောင်း လူတွေပိုပြီး သိရှိနားလည်စေဖို့ကနေစလို့ ဝယ်ယူချင်တဲ့အထိ ဖြစ်အောင် E-Commerce တွေအနေနဲ့ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာတွေကိုပါ ပံ့ပိုးပေးနေတာတွေ့ရပါတယ်။ အွန်လိုင်းကနေပဲ တစ်ဆင့် လုပ်ငန်းလည်ပတ်နိုင်တာမို့ Physical Store တွေလို ဆိုင်ခန်းငှားရမ်းခ၊ ဝန်ထမ်းခတွေအတွက် စရိတ်သက်သာတာလည်း ကောင်းတဲ့အချက်တစ်ခုပါပဲဗျာ။ အရေးအကြီးဆုံးအချက်ကတော့ ယုံကြည်စိတ်ချရတဲ့ ငွေပေးချေမှုစနစ် နှင့် ရောင်းသူနဲ့ ဝယ်သူ နှစ်ဦးလုံး လုံခြုံစေဖို့ Escrow အာမခံစနစ် လည်း ပါဝင်တာကြောင့် ဝယ်သူဘက်က ပစ္စည်းလက်ခံရရှိကြောင်း အတည်ပြုပြီးတာနဲ့ ရောင်းရငွေကို လက်ခံရရှိမှာဖြစ်ပါတယ်။

 

KBZPay Market မှာ ဝယ်ယူသူတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်မလဲ?

 

ကျွန်တော် KBZPay Market ကနေ ဝယ်ဖူးသူတစ်ယောက်အနေနဲ့လည်း ဝယ်ယူသူဘက်က အမြင်လေးကို Sharing လုပ်ပေးချင်ပါတယ်။ ကိုယ်လိုချင်တာတွေရဖို့အတွက် အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး နေရာအနှံ့ ပတ်စရာမလိုတော့ပါဘူး။ KBZPay Market မှာက အိမ်သုံး ရုံးသုံး Electronic ပစ္စည်းတွေ, Fridge တွေ၊ Aircon တွေကစလို့ အလှအပဆိုင်ရာ Cosmetics တွေ Skincare တွေ၊ ပြီးတော့ အိမ်အတွက်လိုအပ်တဲ့ တိုလီမုတ်စတွေ၊ Fashion Items တွေ စုံစုံလင်လင် ရောင်းချနေတာကိုတွေ့ရပါတယ်။ ကိုယ်လိုချင်တာလေးတွေကို KBZPay Market မှာ ကလစ်နှိပ်လိုက်ရုံနဲ့ ဈေးဝယ်လို့ရတာဆိုတော့ အိမ်မှာနေရင်း အေးဆေးဈေးဝယ်ရုံပါပဲ။ ဈေးဝယ်တဲ့အခါမှာလည်း လျှော့ဈေး ကူပွန်တွေသုံးပြီး ဝယ်လို့ရသလို အချို့နေ့ရက်တွေမှာ Delivery Free ပေးတဲ့အချိန်တွေလည်းရှိတော့ သက်သက်သာသာဈေးဝယ်လို့ရတယ်။ Payment ပေးတဲ့အခါမှာလည်း KBZPay နဲ့ ပေးလို့ရတာဆိုတော့ အကြွေပြန်အမ်းတာတွေ ဘာတွေအတွက်လည်း ပူစရာမလိုတော့ဘူး။

နောက်ထပ် တစ်ချက်ကတော့ ပစ္စည်းဝယ်ယူမှုအာမခံစနစ် (Escrow Service) ပါဝင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြား အရောင်းအ၀ယ် ငွေလွှဲလုပ်ဆောင်ချက်တွေ ပြုလုပ်တဲ့အခါ ပိုပြီးလုံခြုံစိတ်ချရတဲ့ ဝန်ဆောင်မှုကို ရရှိစေမှာဖြစ်ပါတယ်။ ပုံမှန် အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါ ငွေကြိုပေးထားပြီး လိမ်လည်ခံရမလားဆိုတဲ့ အခြေအနေတွေကိုလည်း လုံးဝစိတ်ပူစရာမလိုတော့ပါဘူး။

 

 

အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ နည်းပညာတိုးတက်လာမှုတွေနဲ့အတူ KBZPay Market လို E-Commerce Business တွေ ရှိလာခြင်းဟာလည်း လူတွေရဲ့ နေ့စဉ်ပုံမှန်ဘဝတွေအပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေယူဆောင်ပေးလာတယ်လို့ပြောလို့ရပါတယ်။ KBZPay Marketမှာ စီးပွားရေးလုပ်ငန်း အကြီး အငယ်မရွေး မိမိရဲ့ Brand၊ ကုန်ပစ္စည်းကို ပိုပြီးလူသိများလာအောင် ခင်းကျင်းရောင်းချနိုင်တဲ့အပြင် စတင်ရောင်းချဖို့ Registration ပြုလုပ်တဲ့အချိန်ကစပြီး ရောင်းချဖို့အသင့်ဖြစ်တဲ့အချိန်အထိ အခမဲ့ဝန်ဆောင်မှုပေးနေတာဖြစ်လို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီလင့်ခ် (https://bit.ly/3oLtF5G) လေးမှာ စာရင်းပေးသွင်းလို့ရတယ်လို့ တွေ့ထားပါတယ်။ KBZPay Market အကြောင်း သတင်းအချက်အလက်တွေကိုတော့ ဒီပေ့ချ်မှာ https://www.facebook.com/kbzpaymarket ဝင်ကြည့်လို့ရတယ်ဗျ။ App ကနေ တစ်ဆင့် ကြည့်ချင်သူတွေအတွက်လည်း KBZPay Application ထဲကိုဝင် ပြီးတာနဲ့ Life (လူမှုဘဝဝန်ဆောင်မှု) ဆိုတာလေးနှိပ်လိုက်ရင် KBZPay Market ကိုတွေ့ရမှာဖြစ်လို့ ဝင်ကြည့်ပြီး စိတ်ကြိုက် explore လုပ်ကြည့်ပေတော့ပဲဗျာ။ ကျွန်တော် မျှဝေပေးလိုက်တဲ့ အကြောင်းအရာလေးကိုဖတ်ပြီး အားလုံးအတွက်လည်း အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က