ရော်နယ်ဒိုပါဝင်တယ်လို့တောင် ဆိုနေကြပါတယ်။

ခန့်မှန်းမှုတွေအရတော့ ရော်နယ်ဒိုပါဝင်တယ်လို့ ပြောဆိုနေကြပြီး ရက်ရှ်ဖို့ဒ်၊ ဒီဂီယာတို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။


ဝက်ဖို့ဒ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ အသင်းရှုံးပွဲအတွက် မျက်ရည်တောင်ကျခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဆင့် ၁၆ နေရာက ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲက အသင်းအနေအထားက ဘယ်လောက်အထိ ဖြစ်နေပြီလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 



ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက ပရိသတ်တွေကို တောင်းပန်မှုတွေပြုလုပ်ခဲ့ပေမယ့် ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ကွင်းလယ်လူဖာနန်ဒက်စ်က ဝင်ရောက်ကာကွယ်ပေးခဲ့ရတဲ့အထိဖြစ်ခဲ့ရကာ လက်ရှိမှာတော့ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့အတွက် ယူနိုက်တက်က စီစဉ်နေပြီဖြစ်ကာ ၄၈ နာရီအတွင်း သတင်းထုတ်ပြန်လိမ့်မယ်လို့လည်း The Times က ဖော်ပြခဲ့ပါတယ်။ 

မန်ချက်စတာညနေခင်းသတင်းစာကလည်း ဝက်ဖို့ဒ်နဲ့ပွဲဟာ ဆိုးလ်ရှားအတွက် ယူနိုက်တက်နည်းပြဘ၀နောက်ဆုံးပွဲလို့ ယုံကြည်နေကြပြီး ထုတ်ပယ်ခံရဖို့ကိုပါ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ ကစားသမားတချို့က ဒီရှုံးပွဲအတွက် ငိုကြွေးခဲ့တယ်လို့ သတင်းထွက်လာခဲ့ပေမယ့် ဘယ်သူတွေလဲဆိုတာကိုတော့ အတိအကျမသိရဘဲ ရှိနေပါတယ်။ 


ခန့်မှန်းမှုတွေအရတော့ ရော်နယ်ဒိုပါဝင်တယ်လို့ ပြောဆိုနေကြပြီး ရက်ရှ်ဖို့ဒ်၊ ဒီဂီယာတို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ယူနိုက်တက်အဝတ်လဲခန်းအတွင်းမှာလည်း တိတ်ဆိတ်နေခဲ့ပြီး ဘာစကားမှမဆိုနိုင်လောက်အောင်အထိဖြစ်ခဲ့ကြကာ စိတ်ဓာတ်ကျ၊ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အသင်းတွင်းအခြေအနေတွေက စိတ်မချမ်းမြေ့စရာတွေနဲ့ ပြည့်နှက်နေတယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က