ပရီးမီးယားလိဂ်ကို လေးကြိမ်မြောက် ပြန်ရောက်လာတာပါ။

ချယ်လ်ဆီးနည်းပြအဖြစ် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ကာ ၂၀၁၆ မှာ လက်စတာကို အမှတ်ပေးဖလားဆွတ်ခူးနိုင်အောင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ 


လက်စတာကို ပရီးမီးယားလိဂ်ဖလားဆွတ်ခူးအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ၀ါရင့်နည်းပြကြီး ရာနီယေးနီဟာ ဝက်ဖို့ဒ်အသင်းနည်းပြသစ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာတော့မယ့် ဒီသက်တော်ရှည်နည်းပြကြီးဟာ မကြာခင်မှာ အသက် ၇၀ ပြည့်တော့မှာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြအဖြစ် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ကာ ၂၀၁၆ မှာ လက်စတာကို အမှတ်ပေးဖလားဆွတ်ခူးနိုင်အောင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ 



ဒီနောက် အီတလီကိုမသွားခင် ဖူလ်ဟမ်ကို ကိုင်တွယ်ခဲ့သေးပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့ဘဲ လက်လျှော့ခဲ့ရပါတယ်။ နည်းပြဘဝမှာ နာပိုလီ၊ ဖီအိုရင်တီးနား၊ ဗလန်စီယာ၊ အက်သလက်တီကိုမက်ဒရစ်၊ ချယ်လ်ဆီး၊ ပါးမား၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန်၊ မိုနာကို၊ ဂရိ၊ လက်စတာ၊ နန့်တက်စ်၊ ဖူလ်ဟမ်၊ ဆမ်ဒိုးရီးယားတို့ကို ကိုင်တွယ်ခဲ့တဲ့ ၀ါရင့်နည်းပြကြီးဟာ နောက်ဆုံးမှာ ဝက်ဖို့ဒ်ကို လက်ရှိအခြေအနေဆိုးတွေကနေ ကယ်တင်ပေးရတော့မှာဖြစ်ပါတယ်။ 

၄-၄-၂ ကစားကွက်ကို ပင်တိုင်အသုံးပြုကာ အသင်းလိုက်လုပ်အားနှုန်းကို အသားပေးကစားတတ်တဲ့ ရာနီယေးနီကို ပရီးမီးယားလိဂ်ကလည်း ပြန်လည်ကြိုဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး သူနဲ့အတူ လက်ထောက်နည်းပြတွေအဖြစ် ပါအိုလိုဘန်နက်တီ၊ ကာလိုကော်နာချီယာ၊ ကြံ့ခိုင်ရေးနည်းပြ ကာလိုစပီနိုလီတို့ပါ အတူတူရောက်ရှိလာကြမှာဖြစ်ပြီး လာမယ့်အောက်တိုဘာလ ၁၆ ရက်နေ့မှာ လီဗာပူးလ်နဲ့ ပထမဆုံးပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။ 

ဘယ်သူမှထင်မှတ်မထားတဲ့ အခြေအနေတွေအောက်မှာ လက်စတာကို အမှတ်ပေးဖလားရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ရာနီယေးနီအပေါ် စိတ်ဝင်စားသူအများအပြားရှိလာခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ အခုအခါမှာ အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရမှတ် ၇ မှတ်နဲ့ ရပ်တည်နေရပြီး နောက်ဆုံး ၃ပွဲဆက်နိုင်ပွဲပျောက်ထားကာ အမှတ်ပေးပြိုင်ပွဲမှာ ၂ပွဲသာအနိုင်ရရှိထားခဲ့ပါတယ်။

ရာနီယေးနီအနေနဲ့ ဘယ်လောက်ထိစွမ်းဆောင်ပေးနိုင်မလဲဆိုတာကိုလည်း အားလုံးကစောင့်ကြည့်နေကြမှာ သေချာပါတယ်။ ပရီးမီးယားလိဂ်မှာ သမိုင်းဝင်အောင်မြင်မှုမျိုးကို လုပ်ပြနိုင်ခဲ့တဲ့ သူ့အတွက်လည်း အကောင်းဆုံးအချိန်တွေက မကုန်ဆုံးသေးဘူးဆိုတာကို သက်သေပြရမယ့်အချိန်လည်းဖြစ်လာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က