ဝက်သားတုတ်ထိုးဆိုင်ချည်းပဲ ၈ ဆိုင်ရှိပါတယ်။

ဝက်သားတုတ်ထိုးမှ ဝက်သားတုတ်ထိုးဆိုတဲ့သူတွေ အတွက် တစ်နေရာတည်းမှာ တစ်စုတစည်းထဲတွေ့ရပြီး တဝကြီးစားရမယ့် ဝက်သားတုတ်ထိုးဆိုင်တန်းကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်က တော့ တစ်ဆိုင် နှစ်ဆိုင်လောက်ပဲ ရှိရာက အခုတော့ ၈ဆိုင် တိတိရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါက တော့ ကမာရွတ်မြို့နယ် အင်းစိန်လမ်း မ ပေါ်မှာက စံရိပ်ငြိမ် ဂမုန်းပွင့် ကုန်တိုက် ဘေးမှာ ရှိတဲ့ ဝက်သားတုတ်ထိုးဆိုင်တန်းကြီးပဲဖြစ်ပါတယ်။ 



၅ဝ တန်ကနေ ၂ဝဝတန်အထိ ရှိပြီး စျေးနှုန်းချိုသာတဲ့ ဝက်သားတုတ်ထိုး 

ဆိုင် ၈ဆိုင် လုံးရဲ့ ထူးခြားချက် က တော့ စျေးနှုန်းတွေ အတူတူ ဖြစ်နေတာပါ။ ဝက်သားတုတ်ထိုး တစ်ချောင်းကို ၅၀ တန်က နေ ၂ဝဝတန်အထိရှိပြီး အရသာရှိကာ စျေးနှုန်း သင့်တင့်တဲ့ ဝက်သားတုတ်ထိုးဆိုင်တွေ ပဲ ဖြစ်ပါတယ်။ ခေါက်ဆွဲ ကြော် ကြာဇံ ကြော် တွေက လည်း တစ်ပွဲ ကို ၅၀၀ ကျပ်ပါပဲ။ လမ်းဘေးစျေးဆိုင်တွေ ဆိုပေမယ့်လည်း နေရာထိုင်ခင်းတွေက သပ်သပ်ရပ်ရပ်နဲ့စီစီရီရီ ထားရှိထားတာကို တွေ့ရပါတယ်။ ဝက်သားတုတ်ထိုးတွေ ကလည်း အထူးသန့်ရှင်းပြီး စျေးနှုန်းလည်း အဆင်ပြေ ကျန်းမာရေးအတွက် လည်းသင့်တော်တဲ့ သန့်ရှင်းမှုကို တွေ့ရမှာပါ။ 

ယိုးဒယားပင်လယ်စာအထောင်းနဲ့ အကင်ဆိုင်တွေပါရှိ 

ဝက်သားတုတ်ထိုး မကြိုက်နှစ်သက်တဲ့သူတွေ အတွက် တခြားရွေးချယ်စရာဆိုင်လေးတွေလည်းရှိနေပါတယ်။ ယိုးဒယားပင်လယ်စာ အ ထောင်းစုံနဲ့ ပင်လယ်စာအစုံသုပ်တွေအပြင် ကြက် ၊ ဝက် ယိုးဒယားအကင်တုတ်ထိုးတွေပါ ရောင်းချ နေတဲ့ ဆိုင်လေးတွေ ကလည်း စုစုပေါင်း ၅ဆိုင် ခန့်ရှိနေပါတယ်။ စျေးနှုန်းတွေကလည်း သင့်တင့်ပြီး သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ် ရောင်းချ နေတာကလည်း စားသုံးသူတွေကိုဆွဲ ဆောင်နေတဲ့ အရာ တစ်ခုလို့ဆိုရမှာပါ။

အကင်ဆိုင်မှာဆိုရင်လည်း ကြက်ကြောကင်၊ ဝက်အူချောင်း၊ ကြက်အူချောင်း နဲ့ ဝက်သားပြားကင်စသဖြင့် အစုံရှိပြီး စျေးနှုန်းတွေက ၅၀၀ ကျပ်က စတင်ကာ စျေးနှုန်းအစားစားရှိပါတယ်။

ဝက်သားတုတ်တိုးဆိုင်တန်းကြီး ဖြစ်ပေါ်လာပုံ

၂၀၂ဝ ခုနှစ် ကိုဗစ်ကပ်ရောဂါ မရှိခင်က တော့ ဝက်သားတုတ်ထိုးဆိုင်လေးတွေက တစ်ဆိုင်နှစ်ဆိုင်လောက်သာရှိသေးတာပါ။ အခုချိန်မှာတော့ ဝက်သားတုတ်ထိုးဆိုင် ၈ဆိုင် တိတိရှိကာ ကြာဇံသုပ်၊ ကြာဇံကြော် တွေနဲ့ ဝက်ခေါင်းသုပ် တို့ကိုပါ ရရှိနိုင်ပါတယ်။ 

"ဝက်သားတုတ်ထိုးဆိုင်တန်းကြီး ဖြစ်လာတာမကြာသေးဘူး။အရင်တုန်းက တော့ တစ်ဆိုင် နှစ်ဆိုင် လောက်ပဲရှိသေးတာ။ အခုလို ဆိုင်တန်းကြီးဖြစ်လာတာ ၃ လ လောက်ပဲရှိသေးတယ်။ ရောင်းတဲ့သူတွေ အကုန်လုံး ညှိလိုက်ကြပြီးတော့ အခုလို ဆိုင်တန်းကြီးဖြစ်အောင် ဖွင့်လိုက်တာပါ"လို့ မမ လေး ဝက်သားတုတ်ထိုးဆိုင်က ပြောပြခဲ့ပါတယ်။ 

ဂမုန်းပွင့် (စံရိပ်ငြိမ်) ဘေးမှာရှိတဲ့ အစားအသောက်တန်းက အင်းယားကန်(လက်ခွဲ ) ဆိုင်လေး က တော့ အထူးအော်ဒါတွေကိုပါ လက်ခံပြီး ကြာဇံကြော်၊ ခေါက်ဆွဲ ကြော် ၊ဝက်အူစုံသုပ်နဲ့ ဝက် ခေါင်းသုပ်တို့ကိုပါ ရရှိနိုင်ပြီး ဖုန်းနဲ့ဆက်သွယ်မှာယူချင်တယ်ဆိုရင် ၀၉-၇၅၄၀၅၄၈၅၄ ကိုဆက်သွယ်နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က