အသင်းဖော်တွေဟာ ကြားဝင်ဖျန်ဖြေပြီး လူစုခွဲပေးခဲ့ရတာ ဖြစ်ပါတယ်။

ဖီးလ် ဖိုဒန်နဲ့ ဘန် ဝှိုက်တို့ဟာ မန်ချက်စတာစီးတီးက အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်ကွင်းထဲမှာ ခိုက်ရန် ဖြစ်ပွားခဲ့ကြပါတယ်။

 

အင်္ဂလန်လက်ရွေးစင်အသင်းဖော် ၂ ဦးဟာ စကားများခဲ့ကြပြီးနောက် တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးခဲ့ကြတာကြောင့် ၎င်းတို့ရဲ့ အသင်းဖော်တွေဟာ ကြားဝင်ဖျန်ဖြေပြီး လူစုခွဲပေးခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲကြည့်စင်ကနေ ပရိသတ်တစ်ဦး ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဘန် ဝှိုက်နဲ့ ဖိုဒန်တို့ဟာ ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုမှာ ပါဝင်ပတ်သက်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး အာဆင်နယ်နောက်ခံလူက မန်စီးတီးကြယ်ပွင့်နဲ့ စကားများခဲ့ပြီးနောက် မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

 

ဒါကြောင့် ဘန် ဝှိုက်ဟာ လီအန်ဒရို ထရော့ဆာ့ဒ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လုပ်နေတဲ့ ဖိုဒန် နောက်ကို လိုက်သွားခဲ့ပြီး နောက်ကနေ အင်္ကျီကို လှမ်းဆွဲပြီးနောက် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးကြယ်ပွင့်က ဘန် ဝှိုက်ရဲ့ ပြောဆိုမှုကြောင့် မကျေမနပ်ဖြစ်ခဲ့ပြီး ဂန်းနားနောက်ခံလူကို တွန်းထိုးခဲ့တာကြောင့် ဘာနာဒို ဆေးလ်ဗား၊ စမစ် ရိုးနဲ့ ကွင်းထဲက အခြား ကစားသမားတွေဟာ ရန်ပွဲကို ဖျန်ဖြေပေးခဲ့ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က