ကြောင်နဲ့ကြွက်လို စိန်ပြေးလိုက်တန်း ကစားနေတဲ့ WhatsApp နဲ့ တာလီဘန်တွေကို ကြည့်မရတော့ဘူး ထင်ပါတယ်၊ အာဖဂန်နစ္စတန်ကို 2021 မှာ ပြန်သိမ်းလိုက်ပေမယ့် ရတက် မအေးနိုင်သေးတဲ့ အမေရိကန် WhatsApp ကို Ban ဖို့ လုပ်နေပါပြီ။
ဒီသတင်းကို The New York Times က တင်ဆက်ထားပြီး ဆက်သွယ်ရေးပိုင်းအတွက် WhatsApp ကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာတဲ့ တာလီဘန် အပေါ် တုံ့ပြန်မှု တစ်ခုလို့လည်း သိရပါတယ်။
ဘယ်ကစသလဲဆိုရင် WhatsApp မှာ Encrypt လုပ်ထားတဲ့ စာပို့စနစ်ကြောင့် တာလီဘန်တွေ သုံးလာကြပြီး ၎င်းတို့ အပြုထဲမှာ ဝန်ကြီးရုံးကို Memo ပို့တာ ၊ Raid Target တွေကို ဆန်းစစ်တာမျိုးအထိ ပါဝင်နေလို့ ဖြတ်တောက်ပစ်ဖို့ စီစဥ်တာ ဖြစ်ပါတယ်။
အစားထိုး အစိုးရ အနေနဲ့ နိုင်ငံတွင်း WhatsApp သုံးစွဲမှုကို မထိန်းချုပ်နိုင်တဲ့ အပြင် Sim Card အသစ်ဝယ် ၊ အကောင့်သစ်လုပ်ပြီး သုံးနေတဲ့အပေါ် ပေါ်လာလိုက် ၊ ပျောက်သွားလိုက် ဖြစ်နေလို့ တာလီဘန် အစိုးရအပေါ် ကြောင်နဲ့ကြွက်လို စိန်ပြေးလိုက်တန်း ကစားနေတယ်လို့ ရှုံ့ချထားပါတယ်။
- Abdul Rashid Dostum နေအိမ်မှာ တာလီဘန်စစ်သား Selfie ရိုက်နေပုံ စက်တင်ဘာ ၁၁၊ ၂၀၂၁ [Image: Wakil Koshsar via Getty Images]
ဒါကြောင့် WhatsApp ကို Ban ဖို့ လိုပြီ ဆိုတဲ့အကြောင်း Meta အား မဖြစ်မနေ ဆောင်ရွက်ရမယ်လို့ လက်ရှိ ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ ဖိအားပေးလိုက်ပါတယ်။
ဒီလို ဖြတ်တောက်ဖို့ စီစဥ်နေပေမယ့် Baghlan Province မှာ နေထိုင်သူ “Ahmad Burhani” က “WhatsApp ဟာ သူတို့ အလုပ်တွက် အရေးပါတဲ့ Platform တစ်ခုဖြစ်တယ် ၊ တကယ်လို့ WhatsApp မရှိရင် လုပ်ငန်းပိုင်း ကမောက်ကမ ဖြစ်ကုန်မယ်” လို့ ပြောထားပါတယ်။
တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးနဲ့ အတွင်းဝင်များ ဝန်ကြီးဌာန အနေနဲ့ တုံ့ပြန်ထားခြင်း မရှိသလို Meta အနေနဲ့ ကန့်သတ်မယ်ဆိုရင် သက်သေ အလုံလောက် ရှိဖို့လည်း လိုအပ်မယ်လို့ သုံးသပ်ထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး FBI Director ဟောင်း “James Comey” က “User Content လုံခြုံမှုရှိဖို့ Encrypt သုံးတာ WhatsApp ရဲ့ Key Selling Point ဖြစ်ပေမယ့် အခုလို နိုင်ငံရေး နွယ်တဲ့ ကိစ္စမျိုးနဲ့ ဥပဒေ ဆိုင်ရာ ၊ နိုင်ငံ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေမှာ မလိုလားအပ်တဲ့ ပြဿနာမျိုး ရှိလာနိုင်တယ်လို့ 2014 မှာ သတိပေး ပြောကြားခဲ့တဲ့ စကားက အဓိပ္ပာယ်ရှိသလို ဖြစ်နေပါတယ်။
အထူးသဖြင့် 9/11 ဖြစ်ရပ်ပြီးနောက် မှုခင်း ၊ အကြမ်းဖက်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီး သက်သေလိုက်ဖို့ Wiretap လုပ်တာ ၊ တိတ်တဆိတ် ထောက်လှမ်းတာမျိုး ဆောင်ရွက်ဖို့ အတည်ပြုခဲ့တဲ့ US Patriot Act ဟာ အရေးပါတဲ့ ဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်ကိုပါ Comey ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
WhatsApp အနေနဲ့လည်း သူတို့လုပ်ပိုင်ခွင့်ကို သွားဆန့်ကျင်သလို ဖြစ်နေတာမို့ တာလီဘန်တွေကို ပိတ်ပင်တယ် ဆိုဦးတော့ ၊ ဥပဒေကိုလည်း ဆန့်ကျင်ထားတဲ့ အပြုမှု ၊ အပြောဆို ၊ အရေးသားမျိုးကို Encrypt လုပ်ထားတဲ့ Content အနေနဲ့ ပို့မယ်ဆိုရင် Social Media ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုတာဝန်ယူမလဲ မေးခွန်းက ဒိပြင် Platform တွေကိုပါ ရိုက်ခတ်လာမယ်လို့ တစ်စတစ်စ ကြီးလာနိုင်တဲ့ မီးပွှားတစ်ခုကို ထောက်ပြခဲ့ပါတယ်။
Source: Tech Insider