WhatsApp ကို ဖုန်းသန်းပေါင်းများစွာမှာ သုံးနိုင်တော့မှာ မဟုတ်ပါဘူး

လာမယ့် နိုဝင်ဘာ ၁ ရက်နေ့က စပြီး iPhone နဲ့ Android မော်ဒယ် စမတ်ဖုန်း ၄၃ မျိုးဟာ နာမည်ကျော်စာပို့ App တစ်ခု ဖြစ်တဲ့ WhatsApp သုံးနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ 

Facebook ပိုင် စာပို့ App တစ်ခု ဖြစ်တဲ့ WhatsApp ဝန်ဆောင်မှုကို Android OS 4.1 ၊ Apple iOS 10 နဲ့ KaiOS 2.5.1 ထက် ပိုပြီး သက်တမ်းရင့်တဲ့ Operating System သုံး ဖုန်းတွေမှာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး အသုံးပြုနိုင်မှာ မဟုတ်တော့ဘူးလို့ WhatsApp ရဲ့ FAQ Section မှာ ဖော်ပြထားပါတယ်။ အခုပြောခဲ့တဲ့ သက်တမ်းရင့် OS စနစ်သုံး စမတ်ဖုန်းတွေဟာ WhatsApp ဆီက Support ရတော့မှာ မဟုတ်သလို WhatsApp နဲ့လည်း ချိတ်ဆက်လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။



Photo: hindustantimes

WhatsApp သုံးလို့မရတဲ့ ဖုန်းတွေထဲမှာ နာမည်ကြီး Samsung မော်ဒယ်ထဲက Galaxy Trend Lite ၊ Galaxy Trend II ၊ Galaxy SII ၊ Galaxy S3 Mini ၊ Galaxy Xcover 2 ၊ Galaxy Core နဲ့ Galaxy Ace 2 နဲ့ LG မော်ဒယ်ထဲက Lucid 2 ၊ LG Optimus F7 ၊ LG Optimus F5 ၊ Optimus L3 II Dual ၊ Optimus L5 ၊ Optimus L5 II ၊ Optimus L5 Dual ၊ Optimus L3 II ၊ Optimus L7 ၊ Optimus L7 II Dual ၊ Optimus L7 II ၊ Optimus F6 ၊ Enact ၊ Optimus L4 II Dual ၊ Optimus F3 ၊ Optimus L4 II ၊ Optimus L2 II ၊ Optimus Nitro HD/4X HD နဲ့ Optimus F3Q တို့လည်း ပါဝင်ပါတယ်။ 

တခြား တရုတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ ZTE ၊ Huawei ၊ Sony ၊ Alcatel ၊ HTC ၊ Lenovo စတဲ့ ဖုန်းမော်ဒယ်တွေထဲက Android OS 4.1 ရဲ့အရင် OS ဟောင်းတွေ သုံးထားတဲ့ ဖုန်းတွေလည်း WhatsApp သုံးနိုင်မှာ မဟုတ်ပါဘူး။ Apple ထဲက ပထမမျိုးဆက် iPhone SE ၊ iPhone 6s နဲ့6s Plus တွေမှာလည်း WhatsApp သုံးဖို့ အခွင့်အရေး ဆုံးရှုံးရဖို့ရှိပါတယ်။ 

Photo: BGR


ဒီအတိုင်းဆို ဖုန်းအလုံးရေ သန်းပေါင်းများစွာမှာ WhatsApp သုံးနိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ခုရှိတာက အခုဆို Andorid OS ဟာ Andorid 12 အထိ ရောက်လာပြီ ဖြစ်သလို မကြာခင် iOS ကလည်း iOS 15 ထွက်တော့မှာ ဖြစ်လို့ မော်ဒယ်သိပ်အောက်နေတဲ့ ဖုန်းတွေ သုံးတဲ့လူလည်း အတော်ကြီးရှားသွားလောက်ပြီလို့ ယူဆရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က