ဒီနေ့က ပထမဆုံး နေ့ပါ။

ရွှေကြိုမောင်မယ် လူတွေ့စစ်ဆေးခြင်းပထမရက်မှာတင် လူပေါင်း အယောက်(၆၀၀) ကျော်လာရောက် လျှောက်ထားကြတယ်လို့ သိရပါတယ်။ အနုပညာရှင်တွေရဲ့ သားသမီးတွေလည်း ပါဝင်သလို ပြင်ပက ဝါသနာရှင်တွေလည်း ဝင်ရောက် လျှောက်ထားကြတာတွေ့ရပါတယ်။ 

၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာပါဝင်မယ့် ရွှေကြိုမောင်မယ် လူတွေ့စစ်ဆေးခြင်းကိုတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက Sky Star Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရွှေကြိုမောင်မယ် လူတွေ့စစ်ဆေးခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ အထိ ၂ ရက်တိုင်တိုင် ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ ရွှေကြိုလူတွေ့စစ်ဆေးခြင်းကို မနက် ၉ နာရီကတည်းက စတင်ခဲ့တာဖြစ်ပြီး လာရောက်လျှောက်ထားသူ ဦးရေ အယောက် ၆၀၀ ကျော်တယ်လို့ သိရပါတယ်။ ရွှေကြိုလာရောက်လျှောက်ထားသူတွေရဲ့ များပြားမှုကလည်း Sky Star Hotel ဝန်းတစ်ခုလုံး ပြည့်နေတဲ့အထိအောင်ပါပဲ။ 



ရွှေကြိုလာရောက် လျှောက်ထားသူတွေထဲမှာတော့ အနုပညာရှင်တွေရဲ့ သားသမီးတွေလည်း ပါဝင်သလို ရွှေကြိုကို စိတ်ပါဝင်စားတဲ့ ပြင်ပက အနုပညာဝါသနာရှင်လေးတွေလည်း လာရောက်လျှောက်ထားတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၇ရက်နေ့မှာ ပြုလုပ်တဲ့ ရွှေကြိုရွေးချယ်ပွဲမှာတော့ အကဲဖြတ် ဒိုင်တွေအဖြစ် သရုပ်ဆောင် ရန်အောင်၊ ခန့်စည်သူ၊ ခိုင်ခင်ဦး၊ နေမျိုးအောင် နဲ့ ညိုမင်းလွင် တို့က ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

ရွှေကြိုပြိုင်ပွဲပြုလုပ်နေစဉ် နယ်ဝေးမှ လာရောက်လျှောက်ထားမယ့် ပြိုင်ပွဲဝင်များအတွက် ဖောင်တစ်ခါတည်းဝယ်ပြီး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင် အောင်လည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ယခုနှစ်မှာ ရွှေကြိုရွေးချယ်ခံရတဲ့ မောင်မယ်များအနေနဲ့ဆုငွေများ ရရှိမှာ ဖြစ်သလို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) သင်ကြားတဲ့ သရုပ်ဆောင်သင်တန်း၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို ကိုင်ဆောင်တဲ့သူကို ၂၀၁၂ ခုနှစ်အထိ အကယ်ဒမီဗန်းကိုင် လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။၂၀၁၄-၂၀၁၅ခုနှစ်ကစပြီး ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ မိန်းကလေးတွေသာမက ယောကျ်ားလေးတွေလည်း ပါဝင်လာတာဖြစ်တဲ့အတွက် အကယ်ဒမီ ရွှေကြိုမောင်၊မယ်များ ဆိုပြီးတော့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က