ရွှေပြည်သာမြို့နယ်မှာ စက်ရုံကြိုပို့ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့တာကြောင့်အလုပ်သမား ၅ ဦးသေဆုံးခဲ့တယ်လို့ ယာဉ်တိုက်မှုဖြစ်ပွားရာကို ကယ်ဆယ်ရေးသွားရောက်လုပ်ကိုင်ပေးခဲ့တဲ့ ရှင်သန်ခြင်းပရဟိတလူမှုကူညီရေးအသင်းက ကိုတေဇာအောင် ကပြောပါတယ်။
Photo: တေဇာအောင်
ယာဉ်တိုက်မှုဟာ သြဂုတ်လ ၁၀ ရက်နေ့ ည ၇နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေ အပါအဝင် အလုပ်သမား၃၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိသိရှိရတဲ့အခြေအနေအရ အမျိုးသမီးအလုပ်သမား ၅ဦးသေဆုံးပြီး ၊ ၃ ဦးဟာလည်း စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။ "လက်ရှိအခြေအနေက ညကလူနာတွေကိုဆေးရုံပို့ပြီးအပြန်လှမ်းစုံစမ်းတော့ ၅ ယောက်ထွက်သွားပြီ။ မိန်းကလေး ၅ ယောက်ပါ။ ကျန်တဲ့ ၂ ယောက်ကလည်း စိုးရိမ်ရလို့ မြောက်ဥက္ကလာဆေးရုံကိုပို့လိုက်တယ်။ နောက်စိုးရိမ်ရတဲ့ ၁ယောက်ကတော့ အင်းစိန်မှာပဲကုသပေးနေတယ်။ကျိုးပဲ့လူနာတွေကိုအင်းစိန်မှာပဲကုသပေးနေတယ်လို့ သိရတယ်။ယာဉ်တိုက်မှုက၇ နာရီပတ်ချာလည်လောက်မှာဖြစ်နိုင်တယ်။ကျွန်တော်တို့်ဆီသတင်းစဝင်တာ ၆ နာရီ ၄၅မိနစ်လောက်မှာဖြစ်တယ်။"လို့ ကိုတေဇာအောင်ကပြောပါတယ်။
Photo: တေဇာအောင်
Power Fashion အထည်ချုပ်စက်ရုံက ဖယ်ရီကြိုပို့ယာဉ်မှန်လုံကားနဲ့ YFM အထည်ချုပ်စက်ရုံက ဖယ်ရီကြိုပို ဒိုင်နာကား မျက်နာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့တာပါ။ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရှိတဲ့ အလုပ်သမားတွေအတွက် စက်ရုံတွေက ကူညီပံ့ပိုးမှုတွေပြုလုပ်ပေးနေတယ်လို့လည်းသတင်းရရှိပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။