အသက် ၂၀ အရွယ်သာရှိသေးသူဖြစ်ပါတယ်။

လက်ရှိမှာ လိုအပ်တဲ့ဆေးစစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့သိရပြီး ဒီရောဂါဆိုးကနေ ပျောက်ကင်းစေဖို့ အားထုတ်ရတော့မှာဖြစ်ပါတယ်။ 


နော်ဝှစ်ချ်အသင်းရဲ့ ဂိုးသမားဒန်ဘာဒန်ဟာ ဝှေးစေ့ကင်ဆာဝေဒနာကို ခံစားနေရတယ်လို့ အသင်းဘက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဂိုးသမားဖြစ်သူဟာ လစ်ဗင်းစတုန်းအသင်းကို အငှားနဲ့သွားရောက်ကစားနေတာဖြစ်ပြီး လက်ရှိမှာ လိုအပ်တဲ့ဆေးစစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့သိရပြီး ဒီရောဂါဆိုးကနေ ပျောက်ကင်းစေဖို့ အားထုတ်ရတော့မှာဖြစ်ပါတယ်။ 

"အရမ်းခက်ခဲပြီး စိန်ခေါ်မှုတွေရှိနေခဲ့တဲ့ ကာလတွေပါ၊ ဒါပေမယ့်လည်း ကျွန်တော့်မိသားစု၊ သူငယ်ချင်းနဲ့ အသင်းဖော်တွေက အားပေးထောက်ပ့ံ့မှုတွေပြုလုပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကို ကျွန်တော်ကျော်ဖြတ်နိုင်ဖို့လည်း ကူညီပေးခဲ့ကြပါတယ်၊ နော်ဝှစ်ချ် နဲ့ လစ်ဗင်းစတုန်းအသင်းက ဆေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးပြောရုံနဲ့လည်း မလုံလောက်ပါဘူး၊ Royal Marsden ဆေးရုံက လူတိုင်းကလည်း ဒီအတိုင်းပါပဲ" လို့ ဘာဒန်က ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 


"ကနဦးသိသိရချင်းမှာ အရမ်းအံ့အားသင့်ထိတ်လန့်ခဲ့ရပါတယ်၊ ဒါပေမယ့်လည်း ကင်ဆာက အစောပိုင်းအဆင့်မှာသာရှိနေသေးပြီး စောစောစီးစီး သိလိုက်ရလို့ ကြိုတင်ခန့်မှန်းမှုတွေ၊ နောက်ထပ်လုပ်ရမယ့်အရာတွေက အပြုသဘောဆောင်ခဲ့ပါတယ်၊ ဒါကို အနိုင်ယူမယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်၊ မကြာခင်မှာ ကျွန်တော်ပြန်ပြီး ဘောလုံးကစားမှာပါ" လို့လည်း ဘာဒန်က ထပ်မံပြောဆိုခဲ့ပါတယ်။ 

ဘာဒန်ဟာ ပြီးခဲ့တဲ့ရာသီက နော်ဝှစ်ချ်အတွက် စုစုပေါင်း ၄ ပွဲ ကစားပေးခဲ့ရသူဖြစ်ပြီး စကော့တလန်လိဂ်ကို အငှားနဲ့ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာ လစ်ဗင်းစတုန်းအတွက် ၁ ပွဲသာ ကစားပေးထားရသေးပြီး လူငယ်ကစားသမားဘဝကို ဖြတ်သန်းနေရတာလည်းဖြစ်ပါတယ်။ ဒီသတင်းဟာ ဘုန်းမောက်ရဲ့ ကြယ်ပွင့်ကစားသမား ဒေးဗစ်ဘရွတ်ခ်လည်း သွေးကင်ဆာ အဆင့် ၂ ကို တို်က်ထုတ်နေရတယ်ဆိုတဲ့ သတင်းတွေထွက်လာအပြီးမှာ နောက်ထပ်ကစားသမားတစ်ဦးရဲ့ သတင်းဆိုးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က