အေဘရာမိုဗစ်ချ်က အသင်းရဲ့ စီမံအုပ်ချုပ်ခွင့်ကို လွှဲပြောင်းပေးလိုက်တာပါ။

မန်စီးတီး ကစားသမားဟောင်း မီကာရစ်ချက်က ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ မနေ့ညက ထုတ်ပြန်ကြေညာချက်အပေါ် ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ရုရှားသူဌေး အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးမှာရှိတဲ့သူ့ရဲ့လုပ်ပိုင်ခွင့် တနည်းအားဖြင့် အသင်းကို အသင်းရဲ့ပရဟိတဖောင်ဒေးရှင်းတခုဆီကို လွှဲပြောင်းပေးလိုက်ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။



အေဘရာမိုဗစ်ချ်ဟာ လက်ရှိ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဗြိတိန်မှာ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်လာရရင် ချဲလ်ဆီးကို ထိခိုက်မှာကြောင့် အခုလိုစီစဥ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မီကာရစ်ချက်ကတော့ အေဘရာမိုဗစ်ချ်ရဲ့ လုပ်ရပ်၊ ကြေညာချက်အပေါ် အခုလိုပဲ ဝေဖန်ပြောကြားလိုက်ပါတယ်။

မီကာရစ်ချက်က “ကျနော်တို့အတွက်က အေဘရာမိုဗစ်ချ်ဆီက အခုထက်ပိုတဲ့အကြောင်းအရာတွေကို သိချင်တာလေ၊ ဟုတ်တယ်မဟုတ်လား? ရက်ပိုင်းလောက်ကြာတဲ့အခါမှာ သူက အသင်းကို ပရဟိတအဖွဲ့ကို လွှဲပေးလိုက်ပြီတဲ့။ ကျနော့်စိတ်ထင် ဒါက စိတ်ပျက်စရာ၊ သနားစရာပါပဲ”

“မေးစရာမေးခွန်းတွေလည်း အများကြီးရှိနေတယ်လေ။ ဒီလိုမျိုး ကြေညာချက်ထွက်ပေါ်လာချိန်မှာ ဒါက ဘာအဓိပ္ပာယ်လဲပေါ့။ ဒါက Code တွေနဲ့ ရေးထားတဲ့ လျှို့ဝှက်စာတစောင်လိုပါပဲ။ ‘ငါတို့ကတော့ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ကို မပြောချင်ဘူး၊ ခင်ဗျားတို့ ဒီစာဖတ်လိုက်၊ ကောက်ချက်ချလိုက်’ ဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်” လို့ ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ အုပ်ချုပ်မှုအဖွဲ့ဝင်အသစ်တွေအဖြစ် ဥက္ကဌ ဘရုစ်ဘက်ခ်၊ အမျိုးသမီးနည်းပြ အမ်မာဟေးစ်တို့အပါအဝင် ပုဂ္ဂိုလ်ခြောက်ယောက် သတ်မှတ်ခံထားရတယ်လို့ သိရှိရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီး အသင်းပိုင်ရှင်အဖြစ် နှစ်ပေါင်း (၂၀) နီးပါး ရပ်တည်လာခဲ့ပြီး သူ့လက်ထက်မှာ အသင်းက အောင်မြင်မှုဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က