ရွှေတူးဖော်ရေးကြောင့် ဘီးလင်းမြစ်က လုံးဝပျက်စီးသွားတဲ့အပြင် မြစ်ကို ပိတ်ဆို့ပြီး ကန်လုပ်ထားမှုကြောင့် ဘီလင်းမြို့ပေါ် ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ၊ ဘီးလင်းမြစ်ထဲက ရွှေတူးဖော်မှုလုပ်ငန်းရဲ့ စွန့်ပစ်မြေစာတွေနဲ့ မြစ်ကိုပိတ်ဆို့ပြီး ကန်တွေပြုလုပ်မှုရှိနေတာကြောင့် တာဝန်ရှိသူတွေ က စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါ တယ်။ဒီလို စွန့်ပစ် မြေစာတွေနဲ့ ပိတ်ဆို့ထားမှုတွေကြောင့် ဘီးလင်းမြို့ပေါ် ရုတ်တရက်ရေကြီးမှုတွေဖြစ်ပွားနိုင်ပါတယ်။ဒါကြောင့် စွန့်ပစ်မြေစာတွေနဲ့ ဘီးလင်း မြစ်ကို ပိတ်ဆို့ပြီး ဆည်၊ ကန်လုပ်ထားတဲ့အထဲက ရေတွေကို ဖောက်ချသွားမှာဖြစ်တယ်လို့သိရပါတယ်။
"ရွှေတူးဖေါ် မှူတွေကြောင့် ဘီးလင်းမြစ်က သုံးလို့မရအောင် လုံးလုံးပျက်စီးသွားတယ်။ ဂေဟစနစ်တွေပျက်စီးတယ် ရေနေသတ္တဝါတွေမနေတော့ဘူး ၊လွှတ်တော်မှာလည်း မေးခွန်းမေးတယ် ဘီီလင်းမြစ်ကိုထိန်းသိမ်းဖို့ ရေကြီးရေံမှုကိုလျှော့ချဖို့ မေးခွန်းမေးတယ်။ အစိုးရပိုင်းကလည်းလုပ်ပေးတယ်၊ ဒါပေမယ့် သောင်တူးတဲ့လုပ်ငန်းတွေ မြစ်ကြောင်းရှင်းလင်းတဲ့လုပ်ငန်းတွေလုပ်တာဟာ အဖြေတော့မဟုတ်ဘူး"လို့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော် ဒေါသီရိရတနာကပြောပါတယ်။
ဓာတ်ပုံ - Ma Thiri
ဒီကိစ္စ နဲ့ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့်တပ်၊ KNU တပ်မဟာ(၇)၊မြို့နယ် ဆည်မြောင်း၊မြေစာရင်း အပါအဝင် ရေအရင်းအမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။
ရွှေတူးဖော်မှုလုပ်ငန်းတွေကို ကရင်ပြည်နယ်ဘက်က အများဆုံး လုပ်ကိုင်နေတာဖြစ်ပြီး အဲ့ဒီ နယ်မြေဟာ လက်နက်ကိုင်ထိန်းချုပ်နယ်မြေ ဖြစ်လို့ ပြည်ထောင်အစုကနေ ကိုင်တွယ်ရမယ့် အခြေအနေဖြစ်တယ်လို့သိရပါတယ်။
ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူကတော့ " ဘီးလင်းမြစ် ရဲ့ အလယ်နီးပါးလောက်ရောက်အောင် မြေတွေပုံထားတာတွေ့ရတယ် ၊ရေစီးရေလာကို အနှောက်အယှက်ဖြစ်တာပေါ့။ပြီးတော့စိုးရိမ်ရတာက ကန်ရှိတွေရှိတော့ရုတ်တရက်ရေကြီးခြင်းကို ဖြစ်စေမလားပေါ့"လို့ ပြောပါတယ်။
ဓာတ်ပုံ - Ma Thiri
ခုဆိုရင် ဘီးလင်း မြစ်ရေဟာ ဂေဟစနစ်တွေပျက်စီးပြီး ရေနေသတ္တဝါတွေလည်း မနေတော့သလို ရေတွေကလည်း သောက်သုံးလို့မရတော့ဘူးလို့သိရပါတယ်။
ဘီးလင်းမြစ် အတွင်း ရွှေတူးဖော်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။ အခုနှစ်မှာလည်းအလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share