တကယ်ကို ပျော်စရာကြီးပါ။

ရဲလေးရဲ့ မွေးနေ့ အမှတ်တရကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ကျော်ကျော်ဗိုလ်၊ နေတိုး၊ ထွန်းထွန်း၊ မင်းမော် ကွန်း၊ အရိုင်း တို့က မွေးနေ့အမှတ်တရ ပွဲလေး ပြုလုပ်ပေးခဲ့ကြပါတယ်။

 

Photo: ထွန်းထွန်း

ဒီနေ့(ဇန်နဝါရီလ ၁၁)ရက်နေ့က အဆိုတော်၊ သရုပ်ဆောင် ရဲလေးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကိုတော့ အနုပညာ ညီအစ်ကိုတွေဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ကျော်ကျော်ဗိုလ်၊ နေတိုး၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ အရိုင်း စတဲ့နှင်းဆီအငြိမ့် အဖွဲ့ သားတွေက ပျော်ပျော်ပါးပါး မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

'' Happy Birthday ရကောက်ရေ !!! မွေးနေ့မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေဗျာ!!!!'' ဆိုပြီးတော့ အဆိုတော် ထွန်းထွန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၁၂ နာရီ ၃ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သူငယ်ချင်း တွေ Birthday wish လုပ်ပေးတဲ့ အမှတ်တရ ဗီဒီယို ဖိုင်ကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

 

Photo: ထွန်းထွန်း

နှင်းဆီအဖွဲ့သားတွေဟာ ဇန်နဝါရီလ ၁၁ ရက်နေ့ညမှာ တော်ဝင်ဂါးဒင်းဟိုတယ်မှာ '' နှင်းဆီပုဝါခြုံတဲ့ လက်'' ဆိုတဲ့ အငြိမ့်ပွဲက ပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ရဲလေးကတော့ အခုလက်ရှိမှာ YLJK Entertainment ကို ညီဖြစ်သူ ဂျိုကာနဲ့ အတူတွဲပြီး ဦးစီးဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးဖြစ်သလို သီချင်းတွေလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုဖြစ်နေပါတယ်။

 



Photo: ထွန်းထွန်း

ရဲလေးဟာ ၂၀၁၈ခုနှစ်ကတည်းက ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတာအပြင် သူ့ရဲ့ သီချင်းအသစ်တွေနဲ့ပါ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရှိသလို တစ်ကိုယ်တော်အခွေသစ်လေးကို ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်အောင် ဖန်တီး နေတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ပါတယ်။

 

Photo: ထွန်းထွန်း

ရဲလေးက သူ့ရဲ့ အမာခံပရိသတ်တွေနဲ့လည်း မကြာခဏ တွေ့ဆုံပြီး အလှူအတန်းတွေလုပ်ဖြစ်နေတဲ့သူတစ်ယောက်ပါ။ အနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က