ဗြိတိန် ဘောလုံးသုံးသပ်သူ နာမည်ကြီး လော်ရန်ဆင်ဟာ ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာသာ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ရင် တန်ဟက်ခ်ကို အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝီဂန်နဲ့ ရင်ဆိုင်ရမှာပါ။
ဝီဂန်ဟာ ပရီးမီးယားလိဂ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အင်္ဂလန်လိဂ်ဝမ်း အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ ယူနိုက်တက်နဲ့ ဝီဂန်တို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။
တန်ဟက်ခ်လက်ထက် ယူနိုက်တက်ဟာ ဒီရာသီမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး တော်တော်လေးကို အကျပ်ရိုက်တဲ့ အနေအထားမျိုးကို ရောက်ရှိနေတာပါ။ ဒါ့အပြင် လက်ရှိမှာ ရက်ကလစ်ဖ်ကလည်း အသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး ဘောလုံးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို စတင် ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။
လော်ရန်ဆင်ကတော့ “နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ယူနိုက်တက်တို့ တော်တော်လေး ဆိုးရွားတဲ့ ခြေစွမ်းမျိုးကို ပြသပြီးတဲ့နောက် ဝီဂန်နဲ့ပွဲမှာသာ ထပ်ရှုံးခဲ့ရင် တန်ဟက်ခ်က “ကျေးဇူးတော့တင်တယ် ဒါပေမယ့် ကျေးဇူးမတင်ဘူး” ဆိုပြီး ပြောရတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ယူနိုက်တက်အတွက် အဆိုးရွားဆုံး ရလဒ်တစ်ခု ဖြစ်မှာကြောင့်ပါ”
“ကျွန်တော် ဝီဂန်ကို မလေးမစား လုပ်တာ မဟုတ်ပါဘူး။ ရက်ကလစ်ဖ်က နိုက်စ်မှာ နည်းပြ ငါးယောက် ပြောင်းခဲ့တဲ့လူပါ။ ယူနိုက်တက်မှာ ပြင်ဆင်ရမှာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တန်ဟက်ခ်သာ ဝီဂန်နဲ့ပွဲမှာ ရှုံးခဲ့ရင် သူ ထွက်သွားရပါလိမ့်မယ်။ ဒါက ရယ်စရာကောင်းတဲ့ကိစ္စဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။