Final အထိ တက်ရောက်နိုင်မလား စိတ်ဝင်စားစရာပါပဲ။

Myanmar idol (Season-4) မှာ Wild Card Winner တစ်ယောက်ဖြစ်အနေနဲ့ ပါဝင်လာတဲ့ တန်ခွန်ကျော်ကတော့ Final အထိ ဆက်လက်ပါဝင်နိုင်ဦးမလားဆိုတာ ကို Result Show ညမှာ စိတ်လှုပ်ရှားရင်း စောင့်ကြည့်ရမယ့် အရာတစ်ခုပါပဲ။ ၈ ပတ်မြောက် သီဆိုပြိုင်ပွဲမှာတော့ သူဟာ အကောင်းဆုံး ကြိုးစားခဲ့တာ တွေ့ရပါတယ်။ 

Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီး ရဲ့ဒီဇင်ဘာလ ၁၉ ရက်နေ့ညကပြုလုပ်ခဲ့တဲ့ ၈ ပတ်မြောက်ပွဲစဉ်မှာတော့ ပရိသတ်စိတ်ဝင်စားမှုအများကြီးရခဲ့ပါတယ်။ အဓိက ကတော့ Wild Card နဲ့ ပြန်ရောက်လာမယ့် ပြိုင်ပွဲဝင်ကို ပို စိတ်ဝင်စားခဲ့ကြပါတယ်။ Wild Card နဲ့ ပြန်လည်ဝင်ရောက်လာတဲ့ ပြိုင်ပွဲဝင်ကတော့ နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ဖြစ်ပါတယ်။



“ ကျွန်တော်အခု Wild Card နဲ့ ဆီမီးဖိုင်နယ်ကို ပါဝင်ယှဉ်ပြိုင်လို့ရပြီပေါ့နော်။ တကယ်လည်း အတိုင်းမသိ ဝမ်းသာတယ်။ ကျွန်တော် ပြိုင်ခဲ့တာ Week 4 ပေါ့နော်။ ၄ ပတ်ပဲ ပြိုင်ခဲ့ရတယ်။ ဒီကြားထဲမှာ ကျွန်တော် လွတ်သွားတဲ့ သီချင်းတွေအပေါ် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှု မရလိုက်ဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့က Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဖြေဆိုသွားခဲ့တာပါ။ Wild Card နဲ့ ပြိုင်ပွဲကို ပြန်ဝင်လာတဲ့ တန်ခွန်ကျော်အတွက် ပရိသတ်တွေက အရမ်းကို ဝမ်းသာနေခဲ့ကြတာလည်း တွေ့ရပါတယ်။

Photo: Myanmar Idol

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညက ပြုလုပ်တဲ့ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲမှာ “ စိတ်ခွန်အားဖြစ်စေမည့် အကျိုးပြု” သီချင်းများခေါင်းစဉ်နဲ့ ပြိုင်ပွဲဝင်ရတဲ့ အချိန်မှာ တပြည်သူမရွှေထား သီချင်း၊ ကမ္ဘာမြေကြီး ကျန်းမာစေ သီချင်း တွေနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။

“ကျွန်တော် ဒီတပတ် သီချင်းရွေးချယ်မှုမှာတော့ ကျွန်တော်က Wild Card Owner ဖြစ်တဲ့အတွက် တစ်ရက်လောက်ကြာပြီးမှ သီချင်းကို ရွေးချယ်ခွင့်ရတယ်။ ကျွန်တော့်မှာ လေ့ကျင့်ချိန်တော့ အနည်းငယ် နည်းသွားတယ်။ ဒီအပေါ်မှာ လိုအပ်ချက်တွေ ပြန်ဖြည့်ပြီးတော့ အကောင်းဆုံး ကြိုးစားပါမယ်။ တစ်နိုင်ငံလုံးက ကျေးဇူးရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

Photo: Myanmar Idol

Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲရဲ့ Final မှာ ဘယ် ပြိုင်ပွဲဝင်တွေ ပါသွားမလဲဆိုတာကိုတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့ညမှာ ရင်ခုန် စိတ်လှုပ်ရှားရင်း သိရတော့မှာာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Myanmar idol (Season-4) Top-5 မှာ မူးလာ၊ ဘန်ဂျမင်ဆန်၊ တန်ခွန်ကျော်၊ အေးမြဖြူနဲ့ အက်စတာဒေါ့ချင်းဆုန် တို့က ပါဝင်နေတာဖြစ်ပါတယ်။ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကတော့ အပတ်စဉ် ကြာသာပတေးနေ့ နဲ့ သောကြာနေ့တွေမှာ ထုတ်လွှင့်ပြသတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Photo: Myanmar Idol

တန်ခွန်ကျော်(Tan Khun Kyaw)ကတော့ အဘွား၊ မိခင်၊ ညီလေးတို့နဲ့အတူ ခန္ဓီးမှာ နေထိုင်တာဖြစ်ပါတယ်။ သူဟာ နာဂတိုင်းရင်းသားတစ်ယောက်ပါ။ ဖခင်ဖြစ်သူကတော့ ၆ တန်းနှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ Top-8 အထိ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က