အဲရစ် တန်ဟက်က ဝင်ဘလေကွင်းကို မထွက်ခွာခင် ဆာအဲလက်စ် ဖာဂူဆန်က ၎င်းရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေကို ဘာမှ ပြောစရာမလိုဘူးဆိုတဲ့ပုံစံမျိုး လုပ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၆ နှစ်အတွင်း ပထမဆုံး ဆုဖလားကို ရှာဖွေဖို့အတွက် လန်ဒန်ကို ခရီးထွက်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက နည်းပြ မော်ရင်ညိုလက်အောက်မှာ လိဂ်ဖလားကို နောက်ဆုံး ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်ပိုင်း လအနည်းငယ်အတွင်းမှာပဲ အံ့အားသင့်ဖွယ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ အိုးထရက်ဖို့ဒ်က ပထမဆုံးရာသီကို အနည်းဆုံးဆုဖလားတစ်လုံးနဲ့ အဆုံးသတ်ချင်နေမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ ညစာအတူတူ စကားခဲ့တဲ့ တန်ဟက်က စကော့လူမျိုးနည်းပြကြီးဆီကနေ လက်ရှိ လူစာရင်းကို ဘယ်လို သတင်းစကားမျိုး ပေးပို့ခဲ့တာရှိလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ "သူက ဘာစကားတစ်လုံးမှ မပြောဘဲ သတင်းစကားပေးပို့ခဲ့ပါတယ်။ သူက အမွေအနှစ်တွေ ချန်ရစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပြီး အဲဒါက မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိမှုနဲ့ အနိုင်ရရှိတဲ့ အစဉ်အလာအတွက် ရပ်တည်နေတယ်ဆိုတာပါ။ သူက ကျွန်တော်တို့ အားလုံးအတွက်နဲ့ လူသားမျိုးနွယ်စုအတွက် စံနမူနာကောင်းလို့ ထင်တယ်။ ကျွန်တော်တို့ အားလုံးအတွက်နဲ့ မန်ချက်စတာယူနိုက်တက်မှာရှိတဲ့လူတွေအားလုံးအတွက် သူက ကြီးမားတဲ့ စံနမူနာဖြစ်ပြီး တနင်္ဂနွေနေ့မှာ သူ့ကို ဂုဏ်ယူရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က