ပြီးပြည့်စုံတဲ့ဖန်တီးမှုကို မက်ဆီက ပြသခဲ့တာပါ။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့ မနေ့ညက ပြကွက်တကွက် ပရိသတ်တွေအတွက်ရော၊ ပြိုင်ဘက် ကစားသမားအတွက်ပါ ဝိညာဥ်လွင့်စေခဲ့တယ်လို့ဆိုရမှာပါ။ ယူရိုချန်ပီယံ အီတလီနဲ့ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားတို့ ဝင်ဘလေကွင်းမှာ Finalissima အဖြစ် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။



ဒီပွဲမှာ အာဂျင်တီးနားက အီတလီကို လော်တာရိုမာတီနက်ဇ်၊ ဒီမာရီယာ၊ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မက်ဆီဟာ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် လော်တာရိုမာတီနက်ဇ်၊ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေအတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ဖန်တီးပေးတဲ့နေရာမှာလည်း ပြောစရာဖြစ်ခဲ့တာရှိပါတယ်။

မက်ဆီဟာ ပွဲကစားချိန် (၂၇) မိနစ်မှာ ပြိုင်ဘက် အီတလီ ကစားသမား ဒီလော်ရန်ဇိုကို လှလှပပ လှည့်စားခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဘောလုံးရလာတဲ့ မက်ဆီကို ဒီလော်ရန်ဇိုက လှုပ်မရအောင် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီက လှလှပပ ကျွတ်ထွက်သွားခဲ့ပြီး လိုက်လံတားဆီးနေတဲ့ကြားထဲက မာတီနက်ဇ်ရဲ့ဂိုးအတွက် ဖန်တီးပေးခဲ့ပါတယ်။



ပရိသတ်တွေကတော့ မက်ဆီရဲ့ ဒီလိုမျိုး ဖန်တီးပေးမှုအပေါ် နှစ်ထောင်းအားရရှိနေပြီး လော်ရန်ဇိုတယောက် မက်ဆီရဲ့လှည့်စားမှုအောက်မှာ ဝိညာဥ်လွင့်ခဲ့ရတယ်လို့တောင် တင်စားပြောဆိုနေကြပါတယ်။ ပရိသတ်တွေက “မက်ဆီရဲ့ ဒီလိုပုံစံကို ဘယ်လိုထိန်းချုပ်ကြမလဲ။ ဟန်ချက်ညီမျှမှု၊ အမြန်နှုန်း၊ တိကျသေချာမှုတွေက တကယ်ကို ကောင်းပါတယ်”

“ဒါမျိုးတွေထပ်ပြီး မြင်နေရဖို့ ဆုတောင်းပါတယ်” “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ဂိုးဖန်တီးမှုလဲ? မက်ဆီရဲ့ ဂိုးဖန်တီးမှုတိုင်းက မှော်ဝင်နေပါတယ်” လို့ အသီးသီး ချီးကျူးနေခဲ့ကြပါတယ်။ အာဂျင်တီးနားဟာ မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို သွားရောက်ယှဥ်ပြိုင်ခွင့်ရထားပြီး ဒီပြိုင်ပွဲမှာလည်း အောင်မြင်မှုရဖို့ မျှော်လင့်ထားကြပါတယ်။  

Share

Loading Next Article...
က္က