အာဆင်နယ်ဖန်ဖြစ်နေလို့သာ လာကြည့်ခဲ့ရတာလို့ဆိုပါတယ်။

အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်း အွန်နရီက သူ့အနေနဲ့ လွန်ခဲ့တဲ့ (၅) နှစ်လောက်က အာဆင်နယ်ရဲ့ ပွဲစဉ်တွေကို ကြည့်ရှုလိုတဲ့ ဆန္ဒမရှိခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ အာဆင်နယ်ဟာ ဝင်းဂါး ထွက်ခါနီး နောက်ပိုင်းကာလတွေမှာ အခြေအနေတော်တော်လေး ဆိုးရွားခဲ့တာပါ။



နောက်ပိုင်းခေတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်က ဥရောပချန်ပီယံလိဂ်ဝင်ရောက်ခွင့်ရရုံသာ ရည်မှန်းချက်ရှိခဲ့ပါတယ်။ ဒါ့အပြင် အဓိကဆုဖလားတွေနဲ့လည်း ဝေးကွာခဲ့ပြီး နောက်ပိုင်းမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်တွေနဲ့ပါ လွဲချော်လာရပါတယ်။
အွန်နရီက “လွန်ခဲ့တဲ့ (၅) နှစ်ဝန်းကျင်လောက်က အသင်းကို ကျွန်တော် ဘယ်လိုမှ ဆက်စပ်စဉ်းစားပေးလို့တောင် မရပါဘူး။ တကယ်ကို မရခဲ့တာပါ။ ကျွန်တော် အာဆင်နယ်ပွဲတွေကို သွားကြည့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားကြည့်ရမှာမို့လို့ပါ”
“ဒါပေမယ့် ကြည့်ချင်လို့ သွားကြည့်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် အဲ့ဒီအချိန်က အာဆင်နယ်ပွဲတွေကို သွားကြည့်ခဲ့တာက အာဆင်နယ်ပရိသတ်တစ်ယောက်ဖြစ်နေလို့ သွားကြည့်ခဲ့တာပဲရှိပါတယ်။ အဲ့ဒီအချိန်ကဆိုရင် သူတို့ကစားတာကို ကျွန်တော် ကြည့်ကို မကြည့်ချင်ခဲ့ပါဘူး”
“ဒါပေမယ့် အခုချိန်မှာတော့ သူတို့ ကစားတာကို ကျွန်တော် ကြည့်ချင်နေပါပြီ။ အသင်းအတွက် အာတီတာ စွမ်းဆောင်ပြခဲ့တာတွေနဲ့ပတ်သက်လို့ ကျွန်တော် သူ့အပေါ် တော်တော်လေး လေးစားမှုရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က