Redmi K series ကနေ ထူးထူးခြားခြား စမတ်ဖုန်းသစ်တွေ ကြေညာလိုက်ပါတယ်

အားကောင်းတဲ့ Chipset ၊ ကြီးမားတဲ့ဘက်ထရီနဲ့ စိတ်ဝင်စားဖွယ်ရာ Features တွေ ပါဝင်တဲ့ Redmi K60 ဖုန်းသစ်တွေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

သင့်တင့်တဲ့ဈေးနှုန်းနဲ့ Flagship ပါဝါဖုန်းတွေအဖြစ် နာမည်ကြီးတဲ့ Redmi K စီးရီးကနေ တရုတ်ဈေးကွက်ထဲမှာ Redmi K60 ဖုန်းသစ်တွေ ထွက်ရှိလာတာ ဖြစ်ပါတယ်။ Redmi K60 ၊ Redmi K60E နဲ့ Redmi K60 Pro မော်ဒယ် ၃ မျိုးလုံးဟာ ၆.၆၇ လက်မ 3200 x 1440p OLED Screen နဲ့ လာပြီး 120Hz Refresh Rate ၊ 480Hz Touch Sampling Rate နဲ့ Dual Ambient Light Sensor တွေ ပါဝင်လာပါတယ်။ 




Redmi K60 Pro (Photo: GSMArena)

မော်ဒယ် ၃ မျိုးမှာ မတူတဲ့ Processor တွေကို မော်ဒယ်အလိုက် သုံးသွားပါတယ်။ Redmi K60E မှာ Mediatek Dimensity 8200 SoC ၊ Remi K60 မှာ Snapdragon 8 Plus Gen 1 နဲ့ Pro မော်ဒယ်အတွက် Snapdragon 8 Gen 2 SoC တို့ သုံးထားပါတယ်။ Redmi K60E မှာ RAM ပမာဏ 8GB / 12GB နှစ်မျိုးပါရှိပြီး ကျန်တဲ့ မော်ဒယ်နှစ်မျိုးကတော့ RAM 8GB ကနေ အမြင့်ဆုံး 16GB အထိ ထွက်ထားပါတယ်။ 

Storage ကိုတော့ 128GB ဗားရှင်းကနေ 512GB ဗားရှင်းအထိ ထွက်ပြီး Pro မော်ဒယ်ကလွဲရင် Redmi K60 နဲ့ Redmi K60E တို့မှာ UFS 3.1 Storage အမျိုးအစားနဲ့ လာပါတယ်။ Pro မော်ဒယ်မှာ နောက်ဆုံးပေါ် UFS 4.0 စနစ် သုံးထားပြီး 5000mAh ဘက်ထရီ 120W Wired Charging တို့ ပါရှိပါတယ်။ 


Redmi K60 (Photo: GSMArena)

Redmi K60 နဲ့ K60E တို့ဟာ 5500mAh ဘက်ထရီ 67W Wired Charging တို့ ပါရှိပြီး K60 မော်ဒယ်မှာ Redmi K60 Pro လိုမျိုး 30W Wireless Charging စနစ် ပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာ Redmi K60 Pro ဟာ 50MP main IMX800, 1/1.49-inch sensor size, one micron pixel size, OIS ၊ 8MP ultrawide နဲ့ 2MP macro lens တို့ သုံးထားပြီး Redmi K60 မှာတော့ 64MP main, f/1.79 aperture, 0.7 micron pixel size, OIS ၊ 8MP ultrawide နဲ့ 2MP macro lens တို့ တပ်ဆင်ထားပါတယ်။

Redmi K60 နဲ့ K60 Pro တို့ဟာ ရှေ့ဘက် 16MP Sensor နဲ့ လာပြီး K60E မှာ ရှေ့ဘက် 20MP ကင်မရာ သုံးထားပါတယ်။ Redmi K60E ဟာ ကျောဘက်ကင်မရာအဖြစ် 48MP main, f/1.79, 0.8 micron pixel size, OIS ၊ 8MP ultrawide နဲ့ 2MP macro lens တို့နဲ့ ထွက်ထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် Redmi K60E မှာ ဘေးဘောင်လက်ဗွေစနစ် ပါပြီး K60 နဲ့ K60 Pro တို့ကတော့ မှန်ပြင်အောက်လက်ဗွေလုံခြုံရေးနည်းပညာ သုံးထားပါတယ်။ 


Redmi K60E (Photo: GSMArena)

Redmi K60E ကို အဖြူ ၊ အနက် နဲ့ အစိမ်း ၃ ရောင် ထွက်ထားပြီး 8/128GB ဗားရှင်းအတွက် ၂၁၉၉ ယွမ် (မြန်မာငွေ ၇ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ အဖြူ ၊ အစိမ်း ၊ အပြာလယ်သာ နဲ့ အနက်ရောင်ကာလာတွေနဲ့ ထွက်ထားတဲ့ Redmi K60 ကို ၂၄၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးကနေ စတင်ပြီး K60 Pro ကိုတော့ ၃၂၀၀ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးတွေနဲ့ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က