In partnership with  logo
Madi's Challenge ပြိုင်ပွဲရဲ့အဖွဲ့ဝင်ကောင်မလေး ငါးဦးကတော့ အခုဆိုရင် ပြောင်းလဲမှုတွေကို စတင်ထိတွေ့ခံစားလာရပါပြီ။

Madi's Challenge ဟာ စိတ်ဓာတ်ကျအားငယ်နေတဲ့ အမျိုးသမီးလေးတွေအတွက် စိတ်ဓာတ်ခွန်အားတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရရှိလာနိုင်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။ အခုဒီ Challenge ဟာ ပေါင်၂၀၀ကျော်ခဲ့တဲ့ သူတို့ကို ဝိတ်ကျသွားရုံတင်သာမကဘဲ စိတ်ဓာတ်ခွန်အားတွေပါ ရရှိခံစားရတဲ့ ပြိုင်ပွဲတစ်ခုလို့ ပြိုင်ပွဲဝင်တွေကိုယ်တိုင်လက်ခံလာကြပါတယ်။ နေ့စဉ်နဲ့အမျှ အစားအသောက်ပုံစံတွေ ၊ နေထိုင်မှုပုံစံတွေကို ပြောင်းလဲလိုက်ရပြီး သူတို့ရဲ့ အိုဗာဝိတ်တွေကျသွားအောင် ၊ အဆီပိုတွေကျသွားအောင် Trainers တွေရဲ့ လမ်းညွှန်မှုအောက်ကနေ ကြိုးစားယှဉ်ပြိုင်နေကြရပါတယ်။ အရင်က စားချင်တာမှန်သမျှ စားခဲ့ကြတဲ့သူတို့ဟာ အခုဆိုရင်တော့ သူတို့ဝိတ်တွေကို ကျစေနိုင်တဲ့ အချိုတွေသာမက နေ့စဉ်စားသုံးနေရတဲ့ ထမင်းကိုပါ မစားဘဲနေနိုင်လာကြပါပြီ။ အရင်က အဆီတွေအရမ်းများခဲ့ကြတဲ့သူတို့ဟာ အခုချိန်မှာတော့ အဆီတွေကို တစ်ရစ်ချင်းစီ ချခဲ့နိုင်ကြပါပြီ။ အရင်က ဝိတ်ကျပါတော့မလားဆိုပြီး ပူဆွေးခဲ့ကြတဲ့သူတို့ဟာ အခုချိန်မှာတော့ ဘာမဆိုသူတို့ လုပ်နိုင်ပြီဆိုတာမျိုးတွေထိ ဖြစ်လာကြပါပြီ။ ဒီတော့ Madi's Challenge ကနေ သူတို့ကို ဘာတွေ ပြောင်းလဲပေးနိုင်ခဲ့သလဲဆိုတာကို သူတို့ရဲ့ ပြောစကားတွေကတဆင့် ကြည့်လိုက်ကြရအောင်နော်…။

ပြိုင်ပွဲဝင်တွေထဲက အသက်အငယ်ဆုံး သီရိမြတ်ဆုကတော့ သူ့ရဲ့ ပြောင်းလဲသွားမှုတွေအကြောင်းကို ခုလိုပြောပါတယ်။ 

“အရင်တုန်းက ဆို အသီးအရွက် လုံးဝမစားဘူး၊ စားလည်း မစားနိုင်ဘူး။ ဒီအစီအစဉ်လုပ်နေရင်းနဲ့ စားနိုင်သွားပြီ။ အမြဲလည်း စားဖြစ်တယ်။ စားသောက်ပုံစံပြောင်းသွားတယ်ပေါ့ ။ အဓိက ကတော့ မနက်စာ စားဖြစ်လာတယ်။ ထမင်းကလည်း လုံးဝပြတ်သလောက်ဖြစ်နေပြီဆိုတော့ မတောင့်တမိတော့ဘူး။ ငါ ကြိုးစားရင် ဖြစ်လာမှာ ဆိုတဲ့ စိတ်ရှိလာတော့ ဘာလုပ်လုပ် confidence ရှိလာတယ်။ ကိုယ် အရမ်းကြိုက်ခဲ့တဲ့ အချိုတွေ ၊ fast food တွေ အပြင်စာတွေလည်း မစားမိအောင် စိတ်ထိန်း တတ်လာပြီ။ ကိုယ် စိတ်ဓာတ်ကျနေတောင် အမြဲဘေးက အားပေးနေတတ်တဲ့ အစ်မ လေးယောက် လည်း ရလာတော့ ပိုပျော်တယ်။ ညီမ က အားလုံးထဲမှာ ဝိတ်ကျတာ အနှေးဆုံးဆိုတော့ အမြဲ စိတ်ဓာတ်ကျ အားငယ်တတ်တယ်လေ။ ဝိတ်က သိပ်မကျဘူးဆိုပေမယ့် အတွင်းပိုင်းအဆီတွေ တော့ သိသိသာသာ ကျသွားတယ်။ Muscle တွေဆိုလည်း တတ်လာပြီ ပိုသန်မာလာပြီ။ အခုထိ ကိုယ့်ကိုယ် ကိုယ် အားမရသေးတဲ့ အဆင့် ဆိုတော့ ပိုပြီးလည်း ကြိုးစားသွားပါ့မယ်။

အဖွဲ့ဝင်ထဲမှာ အဆောင်နေသူမို့ တစ်ယောက်တည်း ကိုယ့်အတွက်ကိုယ် အချိန်လုပြီး လုပ်နေရတဲ့အတွက် တိတ်တိတ်ကလေး ဝမ်းနည်းနေတတ်တဲ့ ဖြူငြိမ်းကလည်း သူ့ရဲ့ပြောင်းလဲသွားတဲ့ ရလဒ်တွေအကြောင်းကို ဝမ်းသာအားရပြောပြပါတယ်။

“အခုဆို ညီမတို့ ဒီ Mission Slim Possible Challenge လေး စတင်တာ ၆ပတ်ပြည့်ဖို့ နည်းနည်းပဲလိုတော့တယ်။ အခုဆို ညီမ Fat mass ချည်း 3 kg လောက်ကျ သွားတယ်ဆိုတော့ ကျေနပ်မိပါတယ်။ ဒီပြိုင်ပွဲ ဝင်တော့မှ စနစ်တကျ ကျန်းမာရေးနဲ့ အညီ Weight ချ နိုင်ခဲ့တယ်။ ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ရလဒ်ကောင်းတွေရလာနိုင်တာကို ယုံကြည်လာတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်သွားသလို NUTRITION ကို ပုံမှန်စားဖြစ်လာတယ်။ 6 weeks ပြီးရင် ကိုယ်ကြိုးစားခဲ့တဲ့ ရလဒ်လေးကို ကျေနပ်နိုင်လိမ့်လို့ ထင်မိပါတယ်။ ညီမတို့ တတွေ တတ်ညီလက်ညီနဲ့ ရည်ရွယ်ချက်တူတဲ့ ပန်းတိုင်တစ်ခုဆီကို ကြိုးကြိုးစားစားနဲ့ လျှောက်လှမ်းနေကြပါတယ်”

အမျိုးတွေ၊ အသိုင်းအဝိုင်းတွေကပါ ဝတာကို လှောင်ပြောင်နေကြလို့ လူမသိအောင် ချောင်မှာ ငိုခဲ့ရတဲ့ အိသဲဦးခင်ကို မှတ်မိကြဦးမှာပါ။ သူကရော ဘာတွေ ပြောင်းလဲသွားသလဲဆိုတာ ကြည့်ကြရအောင်။

“ဒီအစီအစဉ်မတိုင်ခင်က ညီမက အဆီအဆိမ့်တွေရော တခြားကြိုက်တာတွေအကုန်လုံးကို ခဏခဏစားတယ်။ ဗိုက်ပြည့်မှရပ်တာ။ အခုတအားကို ပင်ပင်ပန်းပန်းဆော့ရတော့ မစားဖြစ်တော့ဘူး။ ညဆိုလည်း အိပ်ရာပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်လာပြီ။ ပေါင်ချိန်အနေနဲ့ ၁၁ပေါင်ကျလာပြီ။ အဆီထုလည်း ၃% လောက်ကျသွားပြီ ဆိုတော့ လှုပ်ရှားရတာလည်း သွက်လက်လာတယ်။ အဝတ်အစားတွေ ချောင်လာပြီ။ Muscleလည်းတက်လာတယ်။ အဓိကက ညီမကြောက်တဲ့ ကိုယ်တွင်းအဆီလည်း ၁ထစ် လျော့သွားတယ်။ အဲဒီအတွက်ပျော်တယ်။ စိတ်အနေနဲ့ အရင် ငါလုပ်နိုင်ပါ့မလား ငါဝိတ်ကျပါ့မလား ဆိုတဲ့ ကိုယ့်ကိုယ်ကို မယုံကြည့်ခဲ့တဲ့ စိတ်အခြေအနေကနေ ခု ငါလုပ်နိုင်တယ် ကျကိုကျရမယ် ဆိုတဲ့ စိတ်ထားဖြစ်နေပါပြီ။ အတူတူဆော့တဲ့ ညီအစ်မတွေနဲ့လည်း ပိုပိုပြီး ရင်းနှီးလာပါတယ် Teamwork လည်းပိုကောင်းလာတယ် လို့မြင်ပါတယ်။ တို့တွေအတူ ဆက်လက် ကြိုးစား တိုက်ပွဲဝင် ကြပါစို့”

Funny Type ဖြစ်တဲ့ ပြိုင်ပွဲဝင် နုသဇင်စန်းရဲ့ ပြောင်းလဲမှုတွေကတော့

“ညီမ ကအရင်ကဆို အချိုအရမ်းကြိုက်တာ။ ဒီchallengeမှာက လုံးဝအချိုမစားရတော့ တဖြည်းဖြည်း နဲ့အချိုစားချင်စိတ်တွေလျော့လာတယ်။ ဆော့တာကြာလာတော့ gymဆော့ရတာ ကြိုက်လာတယ်။ အရင်ကထက် ပိုပြီးတော့ weightပိုကျအောင်လုပ်နိုင်မယ်လို့ confident ရှိလာတယ်။ ညီမကအဆီတော့ကျသွားပြီး muscleတော့နည်းနည်းတက်လာတယ်။”

အရမ်းကို အားတက်စရာကောင်းပါတယ်။ ဒီအဖွဲ့ထဲက အမြဲ ရယ်ကျဲကျဲ လုပ်တတ်တဲ့ ဆုလှိုင်ထွန်းကရော ဘာတွေ ပြောင်းလဲသွားတယ်လို့ ထင်ပါသလဲ။

“ ဒီchallengeမတိုင်ခင်က ညီမ မနက်စာမစားဘူး။ အမြဲအိပ်ယာထနောက်ကျတယ်။ ညဆိုရင်အရမ်းမိုးချုပ်မှအိပ်တယ် ။အခုဆိုရင်ညဘက်လည်းစောစောအိပ်တဲ့အလေ့ကျင့်လေးရှိလာပြီ။မနက်ဆိုလည်းမနက်စာ စားတဲ့အလေ့ကျင့်ကောင်းတွေရလာတယ်။အရင်ကထက်confidentရှိလာတယ်။မကစားနိုင်တဲ့ကစားနည်းတွေကအစ ကစားလာနိုင်တယ်။ အရမ်းဝိတ်မကျပေမယ့်  အခုဆိုရင်fatတွေလျော့လာတယ်။ fatတွေအစား muscleတွေတက်လာတယ် ။ ညီမကအဖွဲ့ထဲမှာဆို weak အဖြစ်ဆုံးလိုဖြစ်နေတယ်။အလေးတွေဆိုအရမ်း မ မနိုင်ဘူး။ ခုဆိုအရင်ကထက်ပိုမ လာနိုင်တယ်။ ဒီအစီစဉ်ကိုပါဝင်ရတဲ့အတွက်အခုဆိုရင်သူငယ်ချင်းကောင်းတွေမိတ်ဆွေတွေတိုးလာတယ်။Team workအားကောင်းလာတယ်။ဒီပြိုင်ပွဲလေးပြီးဆုံးသည်အထိအားကြိုးမာန်တက်ပါဝင်ယှဉ်ပြိုင်ပါမယ်။ဒီထက်မကလည်းဆက်လက်ပြီးကြိုးစားသွားပါမယ်”

အခုတော့ မဒီအဖွဲ့ဝင် ငါးယောက်ကတော့ တကယ့်ညီအစ်မအရင်းတွေလို အရမ်းကို ချစ်ခင်စည်းလုံးနေကြပါပြီ။ မျှော်မှန်းထားတဲ့ ရလဒ်တွေကိုလည်း ရလာကြပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ သူတို့ရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြပါတယ်။ ဝိတ်ချကာလ ၆ပတ်ပြည့်တဲ့အခါမှာ သူတို့ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဆက်ဆက်စောင့်ကြည့်ပေးကြပါဦးနော်...။

Madi ကတော့ အမျိုးသမီးတိုင်းကို လှပထက်မြတ်တဲ့ အမျိုးသမီးတွေ ဖြစ်အောင် အစဉ်အမြဲ ပံ့ပိုးကူညီဖို့ အသင့်ရှိနေပါတယ်။

Share

Loading Next Article...
က္က