စန္ဒီမြင့်လွင်ဟာ ရင်သွေးလေးမွေးထားတာ မကြာသေးလို့ ခန္ဓာကိုယ် အနည်းငယ်ဝနေတာလို့ဆိုပါတယ်။ သမီးဦးလေးကို မွေးထားတာ အခုမှ ၂ လ ခန့်ပဲရှိသေးတယ်လို့ပြောပါတယ်။
Photo: Kingsman
စန္ဒီမြင့်လွင်ကတော့ သူမကို ဝလာတယ်လို့ ဝေဖန်ကြသူတွေကို အခုလိုပဲ ပြောခဲ့တာတွေ့ရပါတယ်။ သူငယ်ချင်းဖြစ်သူ စိတ်ဓာတ်မကျစေဖို့ ချစ်သုဝေကလည်း အားပေးစကားပြောခဲ့တာကို တွေ့ရပါတယ်။
‘’ဝလာတယ်ဝလာတယ်မပြောနဲ့လေခုမှကလေးမွေးထားတာ၂လပြည့်ဖို့တစ်ပတ်လိုသေးတယ်လေ။ ဝိတ်ချဖို့အချိန်လိုတယ်ဟဲ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အနုပညာညီအစ်မဖြစ်တဲ့ အဆိုတော် ချစ်သုဝေကလည်း
‘’ ငါ့နှယ်နော်။ ကလေးအတွက်ရော ကိုယ့်အတွက်ရော များများသာစားသည်းလေး။ ကျန်တာခေါင်းထဲမထည့်နဲ့’’ ဆိုပြီးတော့ Comment ကနေ တဆင့် အားပေးစကားပြောထားတာ တွေ့ရပါတယ်။
Photo: Dee Dee
စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ရဲ့ သမီးလေး Treasure ကတော့ အခုဆိုရင် ၂ လသမီးအရွယ်ကို ရောက်ရှိလို့နေပါပြီ။ မေမေနဲ့ တူတဲ့ နှုတ်ခမ်းတစ်စုံရယ် ၊ ချစ်စရာကောင်းတဲ့ မျက်နှာလေးရယ် ပိုင်ဆိုင်ထားတာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာကို တွေ့ရပါတယ်။
‘’ သမီးလေးပြုံးနေရင်ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းသွားတယ်။ #Treasure #2months’’ ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် သမီးလေးရဲ့ အလှဓာတ်ပုံတွေကိုလည်း အတူတွဲတင်ခဲ့ပါသေးတယ်။
Photo: Dee Dee
စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ ပန်းလှိုင် ဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ရဲ့ မိသားစုဝင် အသစ်လေးကိုတော့ ပရိသတ်တွေက Comment ကနေတဆင့် ကြိုဆို နှုတ်ခွန်းဆက် စကားများပြောခဲ့ကြပါသေးတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့မှာတော့ Novotel Hotel မှာ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။
Photo: Dee Dee
စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ သူမဟာ သမီးလေးနဲ့ ပတ်သက်တဲ့ သီချင်းလည်း ဆိုဖို့ရှိသေးတယ်လို့မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။