ဝိတ်ချဖို့အတွက် နေခြည်ဦးတစ်ယောက် လက်ဝှေ့ထိုးလေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် အတွေ့အကြုံတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။
နေခြည်ဦးက ဝိတ်ချဖို့အတွက် လက်ဝှေ့ထိုး လေ့ကျင့်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ ဒီအားကစားဟာ ဝိတ်ကျချင်နေတဲ့ ပရိသတ်တွေအတွက် အထောက်အကူဖြစ်တယ်လို့လည်း မီဒီယာတွေကနေတဆင့် ပြောခဲ့ပါတယ်။
‘’လက်ဝှေ့ထိုးတာကတော့ ဝိတ်ကျဖို့အတွက် လက်ဝှေ့ထိုးတာက အရမ်းကောင်းတဲ့ အားကစားတစ်ခုပါ။ ဝိတ်ကျချင်တဲ့သူတွေ လက်ဝှေ့ထိုးဖို့က အရမ်းကိုအဆင်ပြေပါတယ်။ ဒါပေမယ့် လက်ဝှေ့ထိုးလိုက်ရင် ကိုယ်လုံးက တကယ်ကျပြီးတော့ အသားအရေပါ ပျော့တွဲလာရော’’ ဆိုပြီးတော့ မေလ ၁၁ ရက်နေ့က L’Oreal ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Nay Chi Oo
နေခြည်ဦး က လက်ဝှေ့ထိုးနေတဲ့ ဗီဒီယိုဖိုင်ကို မကြာသေးခင်က သူ့ရဲ့ Facebook Story မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားဖြစ်ခဲ့ကြပါသေးတယ်။ လက်ဝှေ့ထိုး လေ့ကျင့်ပြီးခဲ့ချိန်မှာ ရရှိလာတဲ့ အကျိုးတွေကိုလည်း နေခြည်ဦးက ပြောပြခဲ့ပါသေးတယ်။
‘’ မိန်းကလေးဆိုတော့ လက်ပြတ်ဝတ်ရင် အသားက ဗလပ် ဗလပ်ဖြစ်နေတော့ အဲဒီအတွက် နေခြည့်မှာ Gym ပြန်ဆော့ရတယ်။ ရေပြန်ကူးရတယ်၊ ထိုးနည်းပြန်လုပ်ရတယ်။ ဒါပေမယ့် ဝိတ်ကျချင်လို့ရှိရင်တော့ နေခြည်က ပြေးခိုင်းမယ်၊ လက်ဝှေ့ထိုးခိုင်းမယ်၊ ကြိုးခုန်ခိုင်းမယ်။ ဒီလေ့ကျင့်ခန်းတွေကတော့ တော်တော်များများ ဝိတ်ကျစေတာပေါ့’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
နေခြည်ဦးကတော့ နေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပထမဆုံး အတူတွဲ သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ 7 Sense Production က ထုတ်လုပ်သွားမှာပါ။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦး နဲ့ မေဘရဏီသော် တို့က အဓိက ပါဝင်သရုပ်ဆောင် သွားမှာပါ။
Photo: Nay Chi Oo
နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်ပေါင်း ၈ သိန်းကျော်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။
သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။
နေခြည်ဦးက အခုဆိုရင်တော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူမဟာ ‘’ဧည့်သည်’’ ၊ ‘’အောက်ဖဲမလှန်ကြေး’’၊ ‘’ ကိုယ်ပွား’’၊ ‘’ရန်သူ’’၊ စတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။