ဝိုင်ဖောက်လုပ်ရာကနေ အနံ့၊အရသာ ထွက်ပေါ်လာတဲ့မတူညီတဲ့နည်းလမ်းအချို့ကို ဖော်ပြပေးပါရစေ။

ဝိုင်ကောင်းကောင်းသောက်တဲ့အခါ ကိုယ်သောက်လိုက်တဲ့ဝိုင်ရဲ့ အနံ့နဲ့အရသာက ဘယ်အပေါ်ကိုအခြေခံထားတယ် ဆိုတာကို ခံစားမိဖို့ဆိုရင် ဝိုင်ထဲမှာပေါင်းစပ်ပါဝင်နေတဲ့အနံ့နဲ့အရသာရဲ့ အရင်းအမြစ်ကိုခွဲခြားနိုင်ဖို့လိုပါလိမ့်မယ်။ ဝိုင်သောက်တဲ့အခါ ဝိုင်စိမ်တဲ့ဝက်သစ်ချသားစည်ကလာတဲ့အနံ့နဲ့အရသာကိုရရှိနိုင်သလို၊ ဝိုင်ဖောက်လုပ်တဲ့သစ်သီးရဲ့ အနံ့နဲ့အရသာကိုလည်းရရှိနိုင်ပါတယ်။ဒီလိုရရှိလာတဲ့ အနံ့အရသာကို ခွဲခြားခံစားနိုင်ဖို့အတွက် အလေ့အကျင့်ရှိဖို့ လိုမှာပါ။ဝိုင်ရဲ့အနံ့နဲ့အရသာကိုခွဲခြားရာမှာ အထောက်အကူဖြစ်စေဖို့ ဝိုင်ဖောက်လုပ်ရာကနေ အနံ့၊အရသာ ထွက်ပေါ်လာတဲ့မတူညီတဲ့နည်းလမ်းအချို့ကို ဖော်ပြပေးပါရစေ။

ဝက်သစ်ချသားကလာတဲ့ အနံ့နဲ့အရသာ

ဝက်သစ်ချစည်ကနေပြီး ဝိုင်ထဲကို အနံ့၊အရသာတွေစိမ့်ဝင်နိုင်ကာ အနံ့၊အရသာကြွယ်ဝမှုကို ဖြစ်ပေါ်စေပါတယ်။ ဝက်သစ်ချရဲ့သက်ရောက်မှုကြောင့် အမွှေးအကြိုင်အနံ့ကို ခံစားရမှာပဲဖြစ်ပါတယ်။ နှာခေါင်းဝမှာ ရရှိလာမယ့် အမွှေးအကြိုင်အနံ့တွေထဲမှာ သစ်ခွ၊လေးညှင်း၊ သစ်ကြံပိုးခေါက် စတဲ့အမွှေးအကြိုင်အနံ့တွေပါဝင်နိုင်ပြီး ဝက်သစ်ချစည် အမျိုးအစားနဲ့ စည်ထဲမှာသိုလှောင်တဲ့ကြာချိန်တို့ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

အာခေါင်ကိုလာထိမယ့် အရသာမှာတော့ ဝက်သစ်ချစည်ကနေ သစ်ခွ၊ သစ်ကြံပိုးနဲ့လေးညှင်းပုံစံအရသာမျိုးတွေကို ပေးစွမ်းမှာပါ။ များသောအားဖြင့် ပြင်သစ်ဝက်သစ်ချစည်တွေက လေးညှင်းနဲ့သစ်ခေါက်တို့ပေါင်းစပ်ထားတဲ့ အရသာမျိုးတွေကိုပေးစွမ်းပြီး အမေရိကန်ဝက်သစ်ချစည် သစ်ခွအရသာမျိုးကိုပိုထုတ်လုပ်ပေးနိုင်ပါတယ်။

စပျစ်(သစ်သီး) ကလာတဲ့အရသာ

အချို့ဝိုင်အမျိုးအစားတွေမှာတော့ အနံ့နဲ့အရသာက ဖောက်လုပ်ထားတဲ့သစ်သီးကနေလာတာပါ။ ဒီလိုဝိုင်တွေမှာ အသီး အနံ့၊အရသာကဲနေတာမျိုးကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာမယ့် သစ်သီးအနံ့အရသာက စပျစ်အမျိုးအစား၊ စိုက်ပျိုးတဲ့မြေအမျိုးအစား၊ဒေသ နဲ့ ရာသီဥတုတို့အပေါ်မူတည်ပြီး ကွဲပြားမှာပဲ ဖြစ်ပါတယ်။

ဝိုင်နီတွေရဲ့အနံ့၊အရသာ

ဝိုင်နီတွေကနေ ငရုတ်ကောင်းဖြူ၊ ငရုတ်ကောင်းနက် နဲ့ သစ်ကြံပိုးခေါက် အနံ့၊အရသာတို့ကိုပေးစွမ်းနိုင်ပါတယ်။ မြည်းစမ်းကြည့်သင့်တဲ့ ဝိုင်နီကောင်းကောင်းတွေကို ညွှန်းရမယ်ဆိုရင်တော့ -

ဒီဝိုင်တွေကိုမြည်းကြည့်ပါ

Jacob's Creek ရဲ့ဝိုင်နီတွေထဲကမှအနံ့အရသာထင်ရှားတဲ့ဝိုင်အချို့ကိုမြည်းစမ်းကြည့်လိုက်ကြရအောင်။

Jacob's Creek ရဲ့ Reserve Barossa Shiraz ဝိုင်က အဆင့်အတန်းမြင့် Shiraz ဝိုင်ဆိုတာဘယ်လိုဟာ မျိုးလဲဆိုတာကို ကောင်းကောင်းကြီးဖော်ပြနိုင်ပြီးမက်မန်းနွယ်ဝင်အသီးရဲ့ အနံ့၊အရသာကြွယ်ဝမှုကို တွေ့ကြုံခံစားရမှာပါ။ နှာခေါင်းဝမှာ ငရုတ်ကောင်းနက် အနံ့ခပ်သင်းသင်းကိုလည်း သောက်သုံးတဲ့ အချိန်မှာရရှိမှာပါ။

 Jacob’s Creek ရဲ့ Reserve Coonawarra Cabernet Sauvignon ဝိုင်ကတော့ ပုံမှန်အားဖြင့် ပြင်သစ်တောင်ပိုင်းရဲ့ ပူဒီနာနဲ့ဘလက်ဘယ်ရီသီး အရသာတွေကြွယ်ဝကာ သံလွင်သီးနက် အနံ့ခပ်သင်းသင်းလေးနဲ့ဖြစ်ပါတယ်။

Jacob's Creek ဝိုင်အကြောင်း လိုရင်း၊တိုရှင်း မိတ်ဆက်

 - သြစတြေးလျရဲ့ နံပါတ်တစ် ဝိုင်

 - ကမ္ဘာပေါ်က ဝိုင်ဈေးကွက် ၁၇ ခုမှာ လူကြိုက်အများဆုံးသြစတြေးလျဝိုင်အမှတ်တံဆိပ်

- ကမ္ဘာတဝမ်းမှာနေ့စဉ် Jacob's Creek ဝိုင်ခွက်ပေါင်း ၁ သန်းခန့်သောက်သုံးလျက်ရှိ

- ၁၀ နှစ်တာအတွင်း ဆုတံဆိပ်ပေါင်း ၇၀၀၀ ကျော်ဆွတ်ခူးထားတဲ့ဝိုင်

- Jacob's Creek ဝိုင်ကိုနိုင်ငံပေါင်း ၇၀ ကိုတင်ပို့လျက်ရှိ

- The World Association of Wine Writers and Journalists ရဲ့အဆင့်သတ်မှတ်ချက်အရ ၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့ဆုတံဆိပ် ဆွတ်ခူးနိုင်မှုအများဆုံး ဝိုင်

Share

Loading Next Article...
က္က