ခိုင်နှင်းဝေနဲ့ ဆုပန်ထွာကို အားကျလို့တဲ့။

ဆုပန်ထွာနဲ့ ခိုင်နှင်းဝေတို့ကို အားကျပြီး ဝိုင်းစုနဲ့ ရှိခဲ့တဲ့ (၁၀)နှစ်တာ အမှတ်တရတွေကို စန္ဒီမြင့်လွင်က ပြောပြလာတာ ဖြစ်ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

အဆိုတော် စန္ဒီမြင့်လွင်က ဝိုင်းစုခိုင်သိန်းနဲ့ ရှိခဲ့တဲ့ (၁၀)နှစ်တာ အမှတ်တရလေးတွေကို ပြောပြလာတာပါ။ စန္ဒီမြင့်လွင်နဲ့ ဝိုင်းစုတို့ရဲ့ ခင်မင်မှုက (၁၀)နှစ်ထက်မက ရှိခဲ့ပါတယ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် သီချင်းအသစ်တွေလုပ်ဖို့ အားပေးရင်း တစ်ယောက်နဲ့ တစ်ယောက်ဝေဖန်ရင်းနဲ့ အခုဆိုရင် အသက်တွေတောင် ကြီးလာပြီလို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။

Photo : စန္ဒီမြင့်လွင် FB

10 years မကတဲ့ challenge နော် ဒေါ်ဝိုင်းစုရေ။ အမှတ်တရတွေကတော့ ပြောမနေနဲ့တော့ တစ်ယောက်နဲ့တစ်ယောက်သီချင်းအသစ်တွေလုပ်ဖို့အားပေးရင်းတစ်ယောက်သီချင်းတစ်ယောက်ဝေဖန်ရင်း (ကိုယ်ကတော့ပိုအပျင်းကြီးပါတယ်) ခုဆိုအသက်တွေကြီးလာကြပြီ။

နှစ်ယောက်ဆုံရင်လဲသူများအကြောင်းကိုယ့်အကြောင်းထက်သီချင်းအကြောင်းတွေပိုပြောဖြစ်ကြတယ် ဟိုးအရင်ခေတ်ကသူငယ်ချင်းဖေ့စ်ဘွတ်မပေါ်ခင်ကထဲကချစ်ကြတာမို့ပုံတွေသိပ်မတင်ဖြစ်ဘူး ခုမှပဲစုထားတာတွေတင်ရတော့တယ်” ဆိုပြီး ဇန်နဝါရီ(၂၈) ရက်နေ့က စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo : ဆုပန်ထွာ Fb

ဒီနေ့မှာ ဆုပန်ထွာက ခိုင်နှင်းဝေနဲ့ ရှိခဲ့တဲ့ (၁၀)နှစ်တာ သံယောဇဉ်တွေအကြောင်းကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့တာပါ။ စန္ဒီမြင့်လွင်ကလည်း အဲ့ဒါကို မြင်ပြီး ဝိုင်းစုနဲ့သူနဲ့ကြား ရှိခဲ့တဲ့ (၁၀)နှစ်တာ အမှတ်တရတွေကို ပြောပြလာတာ ဖြစ်ပါတယ်။

အဆိုတော် စန္ဒီမြင့်လွင်နဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ဟာ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော် နှစ်ဦးဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ Hip Hop လောကမှာ အောင်မြင်တဲ့ မိန်းကလေး အဆိုတော် တစ်ဦးဖြစ်သလို ဝိုင်းစုခိုင်သိန်းဟာ Pop လောကမှာ အောင်မြင်မှု ရရှိနေတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

န္ဒီမြင့်လွင်က ၂၀၁၈ခုနှစ် ၊ မတ်လ(၄)ရက်နေ့က ချစ်သူ ကိုသီဟလွင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ရင်သွေးလေးတောင် ရနေပြီလို့ သိရပါတယ်။ လက်ရှိမှာ ကိုယ်ဝန်က နုနေသေးတာဖြစ်လို့ ယခင်က လက်ခံထားတဲ့ ပွဲလေးတွေကို လိုက်ဆိုပေးဖြစ်နေတယ်လို့ စန္ဒီမြင့်လွင်က Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးထားပါတယ်။

Photo : ဝိုင်းစု FB

ဝိုင်းစုခိုင်သိန်းက လက်ရှိမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်ဆိုသလို သွားနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း အွန်လိုင်းကနေ သူမရဲ့ ပရိသတ်တွေအတွက် “ပြတ်စာ” ဆိုတဲ့ သီချင်းအသစ်လေး တင်ပေးခဲ့ပါသေးတယ်။ ချစ်သူအောင်လနဲ့ သာယာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ ဝိုင်းစုဟာ မကြာခင်မှာ ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ပေးစွမ်းနိုင်အောင် ဖန်တီးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က