ရွိုင်ယန်ဂစ်အနေနဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၃၂ပွဲအထိကစားထားသူပါ။

မန်ချက်စတာယူနိုက်တက်ငယ်မွေးခြံပေါက်ကစားသမားဖြစ်သူ ရွိုင်ယန်ဂစ်အနေနဲ့ ၂၄နှစ်တာကာလအတွင်း တွဲကစားခဲ့ဖူးသူတွေထဲကနေ ရွေးချယ်ခဲ့တာပါ။

ကစားသမားဘဝတစ်လျှောက် ယူနိုက်တက်တစ်သင်းတည်းမှာသာကစားခဲ့တဲ့ ဂန္ထဝင်ကစားသမားဟောင်းဖြစ် သူ ရွိုင်ယန်ဂစ်ရဲ့ အကောင်းဆုံး ၁၁ယောက်စာရင်းတွင် အကယ်ဒမီအသင်းဖော်ကစားသမားအများစုပါဝင်ခဲ့ပေ မယ့် ဆယ်စုနှစ်တစ်ခုအတွင်းအကောင်းဆုံးဖြစ်ခဲ့တဲ့ စီရော်နယ်ဒိုကတော့ ပါဝင်လာခြင်းမရှိဘူးလို့ thesun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယူနိုက်တက်ရဲ့ နာမည်ကျော် ၉၂ခုနှစ်မျိုးဆက် ကစားသမားတစ်ဦးဖြစ်တဲ့ ရွိုင်ယန်ဂစ်ဟာ အကယ်ဒမီထွက်က စားသမားအများစုကိုပဲ အခြေခံရွေးချယ်ခဲ့တာဖြစ်သလို အခြားအသင်းကနေပြောင်းရွှေ့လာခဲ့သူတွေထဲကမှစွမ်း ဆောင်ရည်အမြင့်ဆုံးဆိုတဲ့ ကစားသမားတွေကိုပဲ အကောင်းဆုံး ၁၁ယောက်စာရင်းအတွင်း ထည့်သွင်းခဲ့ တာ ဖြစ်တယ်လို့လည်း ဝေဖန်သူများက သုံးသပ်နေကြပါတယ်။



၄-၃-၂-၁ ကစားကွက်ကိုအခြေခံပြီးရွေးချယ်ခဲ့တဲ့ ကစားကွက်အတွင်း တိုက်စစ်နေရာအတွက် လက်ရှိအသင်း နည်းပြဖြစ်နေတဲ့ ဆိုးလ်ရှားကိုရွေးချယ်ခဲ့ပြီး အခြားတိုက်စစ်ကစားသမားတွေအဖြစ် ရွန်းနီနဲ့ ဘက်ခမ်းတို့ကပါ ဝင်လာခဲ့တာပါ။

ကွင်းလယ်ကစားသမားတွေအဖြစ်ကတော့ ပေါလ်စခိုးလ်၊ ရွိုင်ကိန်း၊ နစ်ကီဘတ်တို့ ပါဝင်ခဲ့ပြီး နောက်တန်းက စားသမားတွေနေရာမှာတော့ ဗီဒစ်ကို ချန်လှပ်ခဲ့ပြီး ဒင်းနစ်အာဝင်၊ ဆေဗားစတြား၊ ဖာဒီနန်နဲ့ ဂယ်ရီနဗီးလ်တို့ ကိုထည့်သွင်းခဲ့ကာ ဂိုးသမားနေရာမှာတော ပီတာရှမိုက်ကယ်ကို ရွေးချယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ရွိုင်ယန်ဂစ်ရဲ့ရွေးချယ်မှုကို ပရိသတ်အများစုက ထောက်ခံမှုတွေရှိနေခဲ့ပေမယ့် အတူတွဲကစားခဲ့ဖူးသူထိပ်တန်း ကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ ဆာဟာ၊ ဗီဒစ်၊ ဗန်ဒါဆားလ်၊ အင်ဒီကိုးလ်၊ ဒွိုင်ယော့ခ်၊ အီဗရာ၊ ဘာဘာ တော့ဗ်၊ မိုက်ကယ်ကာရစ်တို့လိုစွမ်းဆောင်ရည်မြင့်ကစားသမားတွေပါဝင်လာခြင်းမရှိခဲ့တဲ့အပေါ်လည်းမေးခွန်း ထုတ်မှုအချို့ရှိနေခဲ့ပြန်ပါတယ်။

Share

Loading Next Article...
က္က