ကျွန်တော့် အမေကိုယ်တိုင်လည်း သိတယ်။

အဆိုတော် ရဲနောင်ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ချောတဲ့ ကောင်လေးတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Photo: Ye Naung

ပရိသတ်အားပေးမှုကို ရရှိလာပြီဖြစ်တဲ့ အဆိုတော် ရဲနောင် က သူ့ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ ပတ်သက်ပြီး အရင်က သဘောမကျဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာသူ့ရဲ့ ခန္ဓာကိုယ်၊ ရုပ်ရည်နဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိလာတယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ပြောခဲ့ပါတယ်။  

‘’ ကျွန်တော်က မွေးကတည်းက ကျွန်တော့်ရုပ်ကို ကျွန်တော် မကြိုက်ဘူး။ အမေ့ကိုလည်း ခဏခဏပြောတယ်။ အမေလည်း သိတယ်။ ကျွန်တော်က သူများတွေလို ဖြစ်ချင်တဲ့စိတ်အရင်တုန်းက ရှိတယ်။ ကျွန်တော်အရင်တုန်းက သူများတွေကို မြင်ရင် သိမ်ငယ်တဲ့စိတ်၊ ဗျာများတဲ့စိတ် ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ကို ချစ်တဲ့သူတွေကြောင့် ယုံကြည်ချက်ရှိလာတာ။ ကျွန်တော် အရင်က မဝတ်တဲ့ အရောင်တွေကိုတောင် အခု ယုံကြည်ချက်ရှိရှိဝတ်လာတယ်’’ လို့ သူကဆိုပါတယ်။

Photo: Ye Naung

ရဲနောင်ဟာ သူကိုယ်တိုင်ကလည်း ပရိသတ်အမြင်မှာ ချောအောင်နေတာမျိုးလည်း မနေဘူးလို့ ဆိုပါတယ်။ ချောအောင်နေလို့လည်း မရဘူးလို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်က ရုပ်ရှင်သရုပ်ဆောင်မလုပ်ခင်မှာ အဆိုတော်ဖြစ်တယ်လေ။ အဆိုတော်ဖြစ်ကတည်းက တစ်ခါမှ ချောအောင်လှအောင် ကျွန်တော် မနေဖူးဘူး။ အရင်တုန်းကလည်း ကျွန်တော် လက်ဝှေ့ထိုး ဘာညာလုပ်တော့ ချောအောင်တော့ မနေဖူးဘူးခင်ဗျ။ ကျွန်တော့် ဘဝက ချောအောင်နေလို့လည်း မရဘူး’’ ဇွန်လ ၁၇ ရက်နေ့က ‘’ သတိ အန္တရာယ်ရှိသည်’’ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Ye Naung

ရဲနောင်ဟာ "ဒုဋ္ဌဝတီကိုလွန်၍" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ပုံဖော်ထားတဲ့ လူငယ်အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် ‘’လောကကြိုးဝိုင်း’’ ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒုဋ္ဌဝတီကိုလွန်၍ ၂ အတွက်လည်း ဆက်လက်ကြိုးစားသွားဦး မယ်လို့ သိရပါတယ် ။ အခုလက်ရှိမှာလည်း အဆိုတော် Grace ရဲ့ ‘’ Don’t You Know’’ ဆိုတဲ့ သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Share

Loading Next Article...
က္က