စစ်ကိုင်းမြို့က သာဒွန်းရွာမှာကျင်းပပြုလုပ်တာပါ။

စစ်ကိုင်းမြို့သာဒွန်းရွာနတ်ပွဲက တစ်ခြားနတ်ပွဲတွေလို နတ်ကန္နားကတဲ့နတ်ပွဲလည်းမဟုတ်ဘဲ မိရိုးဖလာ ရိုးရာဓလေ့နဲ့ သက်ဝင်ယုံကြည်မှုအပေါ်မူတည်ပြီး သားစဉ်မြေးဆက်ဆင်နွှွဲခဲ့ကြတဲ့နတ်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ထူးထူးခြားခြား ဝက်သားဟင်းနဲ့နတ်ပူဇော်ပသကြတဲ့နတ်ပွဲတော်ကြီးတစ်ခု စစ်ကိုင်းမြို့ကသာဒွန်းရွာမှာ ဒီကနေ့ ဇွန်(၂၂)ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။

နှစ်စဉ်နယုန်လပြည့်ကျော် (၅)ရက်နေ့တိုင်းကျင်းပပြုလုပ်နေကျအစဉ်အလာအတိုင်း ကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပြီး အထက်အညာမှာကျင်းပပြုလုပ်လေ့ရှိတဲ့နတ်ပွဲတော်တွေထဲမှာတော့ ထူးခြားတဲ့နတ်ပွဲတော်တစ်ခုဖြစ်တယ်လို့သိရပါတယ်။

"နတ်ပွဲလုပ်လာတာကတော့ နှစ်ပေါင်း ဘယ်လောက်ရှိပြီဆိုတာအတိအကျမပြောနိုင်ပေမယ့် ကျွန်တော့တစ်သက်ရယ် မှတ်မိသလောက် ကျွန်တော်တို့ဘိုးဘွားတွေလက်ထက်ကတည်းကဆိုတော့ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်လောက်ပါပြီ၊ ယုံကြည်မှုနဲ့အစဉ်အလာအရကျင်းပလာခဲ့ကြတာပါ" လို့ ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ခင်ကပြောပါတယ်။


သာဒွန်းရွာနတ်ပွဲက တစ်ခြားနတ်ပွဲတွေလို နတ်ကန္နားကတဲ့နတ်ပွဲလည်းမဟုတ်ဘဲ မိရိုးဖလာ ရိုးရာဓလေ့နဲ့ သက်ဝင်ယုံကြည်မှုအပေါ်မူတည်ပြီး သားစဉ်မြေးဆက်ဆင်နွှွဲခဲ့ကြတဲ့နတ်ပွဲတစ်ခုပါ။

"အဓိကကတော့ဝက်သားဟင်းပေါ့ဗျာ၊ ဘိုးတာ်ကြီးက ဝက်သားနဲ့သူ့ကိုပူဇော်ပါလို့ပြောခဲ့တယ်ဆိုပြီး အစဉ်အလာဖြစ်သွားရာကနေဝက်သားဟင်းနဲ့ပူဇော်ကြတာပါဝက်သားဟင်းပါမယ်၊ဝက်သားဆန်ပြုတ် ဗြုန်းစပ်လို့ခေါ်ပါတယ် နောက်တော့ ထမင်းဖြူ၊ ကောက်ညှင်းပေါင်း၊ အုန်းသီးငှက်ပျောသီးနဲ့ပူဇော်ပသကြတာပါ" လို့လည်း ဦးအောင်ခင်ကပြောပါတယ်။


ကျေးရွာဒေသခံတွေက ဘိုးတော်ကြီးနတ်လို့ခေါ်ကြတဲ့ဒီနတ်က မြင်းဖြူရှင်နတ်ဖြစ်တယ်လို့လည်းသိရပြီး တစ်ချို့လည်း မြင်းဖြူရှင်ဘိုးတော်နတ်လို့ ခေါ်ကြတာကိုလည်းသိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မအူပင်ကျေးရွာအုပ်စု သာဒွန်းရွာမှာ နှစ်စဉ်မပြတ်ကျင်းပပြုလုပ်လာခဲ့ကြတဲ့ ဒီနတ်ပွဲက ဒေသခံတွေအတွက်တာ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရိုးရာဓလေ့အစဉ်အလာတစ်ရပ်ပဲဖြစ်ပြီး နှစ်စဉ်နယုန်လပြည့်ကျော် ၅ ရက်နေ့ရောက်တဲ့အခါတိုင်းကျင်းပပြုလုပ်ကြတာ အခုထိအောင်ပဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က